ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်မဲ့ အာဇာနည်နေ့မှာ အာဇာနည်ဗိမာန်၊ အတွင်းဝန်များရုံးနဲ့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွေကို လာရောက်မဲ့ ပြည်သူသူတွေအနေနဲ့ နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်ကြဖို့ ပန်ကြားလွှာ ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက အချိန်နဲ့တစ်ပြေးညီ အသိပေးထုတ်ပြန်နေတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အသိ ပေးချက်၊ သတိပေးချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး စနစ်တကျ လက်ဆေးတာ၊ အသင့်ထားပေးတဲ့လက်သန့်ဆေးရည်တွေ သုတ်လိမ်းပြီးမှသာ ဝင်ခွင့်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။လာရောက်မဲ့သူတွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ် ဒါမှမဟုတ် ကိုယ်ရေးအချက်အလက်စိစစ်နိုင်တဲ့ အသိအမှတ် ပြု ကတ်ပြားတစ်ခုခု ယူဆောင်လာဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဘောလ်ပင်၊ လက်ကိုင်ဖုန်း၊ အလံ၊ လက်ကိုင်အိတ်၊ ကင်မရာ၊ မီးခြစ်၊ ပန်းခွေ၊ ပန်းစည်း၊ ဗီနိုင်းစ၊ ပုလင်း၊ ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာမှာအသုံးပြုတဲ့တုတ်နဲ့ ကော်ပိုက်၊ သံပိုက်တွေကို ယူဆောင်ခြင်း မပြုရဘူးလို့ လည်း ဆိုပါတယ်။အာဇာနည်ဗိမာန်၊ အတွင်းဝန်များရုံးနဲ့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွေကို သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည် ရောဂါရှိနေသူတွေကို လုံးဝ(လုံးဝ) လာရောက်ခြင်းမပြုဖို့နဲ့ နေမကောင်းဖြစ်နေသူတွေ အပါအဝင် အသက်ရှူရခက်ခဲတာ၊ အားအင်ကုန်ခန်းတာ စတဲ့ ရောဂါလက္ခဏာဖြစ်ပွားနေသူတွေလည်း လုံးဝ(လုံးဝ) မလာရောက်ဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။




