မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှာ ငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၂ သန်း ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အခင်းဖြစ်စဉ်ကတော့ ဇူလိုင် ၁၄ ရက်၊ မနက် ၆ နာရီခွဲအချိန် ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးမှာ နောင်ချို ကနေ မန္တလေးကို မင်းဇော် မောင်းနှင်ပြီး မင်းကို လိုက်ပါလာတဲ့ ၂၂ ဘီးယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ် မှာ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉၅ သန်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ထပ်မံ စစ်ဆေးဖော်ထုတ် ချက်အရ ဇူလိုင် ၁၄ ရက်၊ မနက် ၁၀ နာရီခွဲမှာ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၄)၊ မြို့ရှောင်လမ်းမှာ မောင်ငယ် (ခေါ်)ကျော်ကြီးကို ၁၈ ဘီးယာဉ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၂၅ သန်း နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းမိသူတွေကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့လည်း သိရပါတယ်။