ဘာစီလိုနာအသင်းရဲ့ ဥရုဂွေးနောက်ခံလူ အာရူဂျိုဟာ ဘရာဇီးကို အနိုင်ရခဲ့တဲ့ (၂၀၂၄)ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ရခဲ့တဲ့ဒဏ်ရာကြောင့် (၄)လခန့် အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။
အာရူဂျိုဟာ ဘရာဇီးအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန်(၃၃)မိနစ်မှာတင် တံကောက်ကြော ဒဏ်ရာရခဲ့တာကြောင့် လူစားလဲ ခံခဲ့ရပြီး ဥရုဂွေးအသင်းရဲ့လက်ကျန်ပွဲစဉ်တွေကို လွဲချော်ခဲ့ရတာပါ။
ဘာစီလိုနာအသင်းရဲ့ ဆေးအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးအပြီးမှာ အာရူဂျိုရဲ့တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသဖို့အတွက် ဆုံးဖြတ်ချက် ချခဲ့တာကြောင့် (၄)လခန့် အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းကတော့ အာရူဂျိုရဲ့ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ရတော့မှာဖြစ်တယ်လို့ တရားဝင်စာထုတ်ပြန်ပြီး ပရိသတ်တွေကို အသိပေးခဲ့ပေမယ့် အနားယူရမယ့်အချိန် အတိအကျကိုတော့ ဖော်ပြထားတာမျိုး မရှိသေးပါဘူး။
ဒါပေမယ့်လည်း သတင်းတွေရဲ့ဖော်ပြချက်အရတော့ တံကောက်ကြောဒဏ်ရာရခဲ့တဲ့ အာရူဂျိုဟာ လာမယ့်နိုဝင်ဘာလလောက်မှာမှ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန် လာဖွယ်ရှိတယ်လို့ သိရပါတယ်။