ရွေးကောက်ပွဲကို အကာအကွယ်ပေးမဲ့ အထူးဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းသွားဖွယ်ရှိတယ်လို လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။ဇွန်လ၂၇ရက်က ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာညိုညိုသင်းက အခုလိုပြောကြားလိုက်တာပါ။

လက်ရှိအခြေအနေအရ ရွေးကောက်ပွဲကာလမှာ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့ အဖွဲတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရတာတွေ ရှိလာနိုင်တဲ့အတွက် ပုဒ်၁၇/၁ကို ခေတ္တရုပ်သိမ်းပေးဖို တိုင်းရင်းသားအဖွဲတွေက ဖိုရမ်မှာ ဆွေးနွေးခဲ့တာရှိသလို သတင်းမီဒီယာတွေအနေနဲ့လည်း မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့ အဖွဲတွေနဲ့ ဆက်သွယ်မေးမြန်းတာမျိုးတွေ ရှိနိုင်တဲ့အတွက် ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးဖို တောင်းဆိုမှုတွေရှိတယ်လို ဆိုပါတယ်။

မကြာခင်မှာ ရွေးကောက်ပွဲကိုအကာအကွယ်ပေးမဲ့အထူးဥပဒေတစ်ရပ်ကိုလည်း ပြဋ္ဌာန်းနိုင်ဖွယ်ရှိတာကြောင့် အဲဒီဥပဒေထဲမှာ သတင်းမီဒီယာတွေကို အကာအကွယ်ပေးမဲ့ ပုဒ်မမျိုးတွေလည်း ပါဝင်လာနိုင်တယ်လို ဒေါက်တာညိုညိုသင်းက ပြောပါတယ်။ ရွေးကောက်ပွဲကို လာမဲ့ဒီဇင်ဘာဒုတိယပတ်ကနေ ၂၀၂၆ခုနှစ် ဇန်နဝါရီ တတိယပတ်အတွင်း ကျင်းပနိုင်ဖို ရည်မှန်းထားတယ်လို နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ၂၅ရက်က ကျင်းပတဲ့ ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။




