လက်တုံ့ပြန်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်စစ်အာဏာအခြေစိုက်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမှာဖြစ်တယ်လို့ အီရန် ဉသျှောင် အယာတိုလာ ခါမေနီက ပြောတယ်လို့ Reuters သတင်းတစ်ရပ်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုကို လက်တုန့်ပြန်သွားမှာဖြစ်ပြီး အဓိကကတော့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ဦးတည် သွားမယ်လို့ အယာတိုလာ ခါမေနီကပြောပါတယ်။ထရမ့်ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုက အန္တရာယ်များလွန်းတဲ့ဗျူဟာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖြစ်လာနိုင်ခြေရှိတဲ့နောက်ဆက်တွဲအခြေအနေတစ်ခုဟာ အခုတော့ အရာထင်လာပြီလို့ သူကဆိုပါတယ်။အမေရိကန် အနေနဲ့ အီရန် အပေါ် တရားလက်လွတ်ရမ်းကားမှုကို နောက်မကျဘဲ ရပ်တန့် လိုက်ရင် အီရန်အနေနဲ့ နောက်ထပ် တုံ့ပြန်မှုတွေကို ဆက်လုပ်မှာ မဟုတ်ဘူး လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာယစ်အာဘတ်စ်အာရာချီ ကပြောပါတယ်။

အမေရိကန်သမ္မတက အမည်တပ်ခဲ့တဲ့ “ ၁၂ ရက်ကြာစစ်ပွဲ” ဟာ တကယ် အဆုံးသတ်ခဲ့တယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသကို လွှမ်းမိုးလုနီးဖြစ်လာနိုင်တဲ့ ပဋိပက္ခအစွန်းကနေ သိသာထင်ရှားတဲ့ ခြေလှမ်းတလှမ်းကို နောက်ပြန်ဆုတ်သွားစေနိုင်မှာဖြစ်တယ်လို့ အယာတိုလာ ခါမေနီက ဆိုပါတယ်။




