မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်(၆)ခုမှာ ဇွန်လ(၂၄)ရက်အထိ စာရင်းတွေအရ ငလျင်ကြီးဒဏ်ကြောင့် သေဆုံးသူ (၃၇၆၆)ယောက် ရှိပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ(၅၁၀၄) ယောက်နဲ့ ပျောက်ဆုံးသူအယောက် ၄၀ ရှိတယ်လို့ သိရပါတယ်။ ငလျင်ကြီးဒဏ်ကြောင့် ပြိုကျပြီး ပိတ်မိနေတဲ့အဆောက်အဦတွေထဲက အသက်ရှင်လျက်(၆၅၃)ယောက်ကိုလည်း ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့ စာရင်းတွေအရ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦတွေမှာ ရှင်းလင်းရှာဖွေရေးလုပ်ငန်းတွေကို အဆက်မပြတ် ဆောင်ရွက်ပေးနေကြပါတယ်။ဒါ့အပြင် ငလျင်ဘေးသင့်ပြည်သူတွေအတွက် ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေရှိ အလှူရှင်တွေ၊ အဖွဲ့အစည်းတွေက ငွေနဲ့အလှူပစ္စည်းတွေ ထောက်ပံ့လှူဒါန်းနေကြပြီး အဲဒီထောက်ပံ့ရေးပစ္စည်းတွေကိုလည်း ဘေးသင့်ပြည်သူတွေ ဆီ လက်ဝယ်အရောက် ရောက်ရှိအောင် အမြန်ဆုံး ခွဲဝေထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်၊၊




