ရွှေတိဂုံစေတီတော်မြတ်ကြီးကို အခုနှစ် စက်တင်ဘာလကစတင်ပြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူဖို့ လှူဒါန်း နိုင်တယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်၊၊
လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ဖို့အတွက် ရွှေစင်ရွှေပြား (၁၀)လက်မ ပတ်လည် ရွှေ(၁)ကျပ်သား တစ်ချပ်ကို ကျပ် ၂၅ သိန်း၊ ရွှေစင် ရွှေပြား (၁)ပေပတ်လည် ရွှေ(၆)ကျပ်သား တစ်ချပ်ကို ကျပ်သိန်း(၁၅၀)နဲ့ ကုသိုလ်ယူ ပါဝင် လှူဒါန်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

ရွှေတိဂုံစေတီတော်မြတ်ကြီးကို ငါးနှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းတာဖြစ်ပြီး နောက်ဆုံး ရွှေသင်္ကန်းကပ်လှူတာကတော့ ၂၀၁၈-၂၀၁၉ ခုနှစ်က ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေတိဂုံစေတီတော်မှာ ဝါတွင်းကာလဖြစ်တဲ့ ဝါဆိုလပြည့်နေ့ကနေသီတင်းကျွတ်လပြည့်နေ့အထိ ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားနဲ့ ဝါဆိုရွှေကြာ သင်္ကန်းကပ်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား၊ မေတ္တာ အခါတော်နေ့ အခမ်းအနားနဲ့ ပန်းပေါင်း ၈၄၀၀၀ ပူဇော်ပွဲ၊ ဂရုဓမ္မအခါတော်နေ့ အခါတော်နေ့ အခမ်းအနား၊ သီတင်းကျွတ်မီးထွန်းပွဲတော်အခမ်းအနား နဲ့ အဘိဓမ္မာအခါတော် နေ့ အခမ်းအနားတွေကိုလည်း စည်းကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊