စင်ကာပူနိုင်ငံရှိ Pioneer generation ၃ သိန်းနီးပါးဟာ ဇူလိုင်လမှာ သူတို့ရဲ့ MediSave အကောင့်ထဲ ဒေါ်လာ ၃၀၀ ကနေ ၁၂၀၀ အထိ ထောက်ပံ့ငွေတွေ ရရှိသွားမှာဖြစ်တယ်လို့ The Straits Times သတင်းမှာ ပါရှိပါတယ်။Pioneer generation ဆိုတာ စင်ကာပူနိုင်ငံမှာ မွေးဖွားသူတွေဖြစ်ပြီး ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မတိုင်ခင် မွေးဖွား သူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီထောက်ပံ့ငွေ စုစုပေါင်းဟာ ဒေါ်လာ သန်း ၁၆၀ ကျော်ရှိမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ကထက် ပိုများခဲ့ပါတယ်။

ဒီ Pioneer Generation Package ဟာ စင်ကာပူနိုင်ငံ စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ ကနဦး ရှေ့ဆောင်နိုင်ငံသားတွေကို ကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၄ ခုနှစ်မှာ စင်ကာပူအစိုးရက စတင်ခဲ့တာပါ။ထောက်ပံ့ကြေးတွေကို MediShield Life ၊ CareShield Life၊ ElderShield နဲ့ တခြား MediSave အတည်ပြုထား တဲ့ အာမခံပလန်တွေအပြင် ဆေးကုသစရိတ်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသက် ၆၅ နှစ်နဲ့ အထက်တွေ အတွက် နှစ်စဉ်ပေးနေကျ GST ထောက်ပံ့ငွေတွေအပြင် ဒီထောက်ပံ့ကြေးတွေ ထပ်ပေးသွားမှာ ဖြစ်ပါတယ်။ မွေးဖွားတဲ့ခုနှစ်အလိုက် ထောက်ပံ့ကြေးပမာဏ ကွာခြားသွားမှာဖြစ်ပြီး ၁၉၃၄ ခုနှစ်နဲ့ အဲဒီနှစ်မတိုင်ခင်က မွေးဖွား သူတွေက ဒေါ်လာ ၁၂၀၀ ရရှိမှာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ရောဂါအခံရှိနေသူတွေကို ဒေါ်လာ ၅၀ ကနေ ဒေါ်လာ ၂၀၀ အထိ ထပ်တိုးပေးသွားမှာဖြစ်ပြီး အသက် ပိုကြီးသူတွေကို ပိုမို ထောက်ပံ့ပေးသွားမှာပါ။ ထောက်ပံ့ကြေးတွေကို သူတို့ရဲ့ CPF MediSave account တွေထဲ ကို အလိုအ လျောက် ထည့်ပေးသွားမှာ ဖြစ်ပါတယ်။ဇွန်လ ၂ ရက် မတိုင်ခင် Singpasss မှာ မိုဘိုင်းဖုန်းနံပါတ်မှတ်ပုံတင်ထားသူတွေက သူတို့ ရရှိမယ့် ထောက်ပံ့ကြေး ပမာဏကို ဇွန်လ ၁၈ ရက်နောက်ဆုံးထားပြီး SMS နဲ့ အကြောင်းကြားစာ ရရှိမှာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ဇွန်လကုန်မှာ စာနဲ့ အကြောင်းကြားစာတွေ ရရှိကြမှာ ဖြစ်ပါတယ်။




