ပြင်သစ်နိုင်ငံ မြောက်ပိုင်း ရူးအွန်မြို့က ၁၉ ရာစုက တည်ဆောက်တဲ့ အလယ်ခေတ် ဂေ့ါသစ်ဗိသုကာ လက်ရာ ကာသီဒရယ် ဘုရားကျောင်းမှာ ကြာသပတေးနေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ သက်ဆိုင်ရာက အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့လို့ ပျက်စီးမှုအနည်းငယ်သာဖြစ်ပေါ်ခဲ့တယ်လို့ သက်ဆိုင်ရာ မြို့အာဏာပိုင်တွေက ပြောပါတယ်။

မီးသတ်မားတွေဟာ သမိုင်းဝင် အထင်ကရ အဆောက်အဦဖြစ်တဲ့ အဲဒီဘုရားကျောင်းတော်ရဲ့ ထိပ်ဖျား စုလစ် မွမ်းချွန် မီးစွဲလောင်လို့ မီးခိုမည်းတွေ အူတက်လာပြီး မကြာခင်မှာပဲ မီးကို ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

မီးလောင်မှုဖြစ်ချိန်မှာ မီးသတ်ကား အစီး (၄၀) အခင်းဖြစ်တဲ့နေရာကို အမြန်မောင်းထွက်သွားတာကို မြို့နေ လူထုက မြင်တွေ့ခဲ့ရပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေက ဘုရားကျောင်း တစ်ဝိုက်ကို လုံခြုံရေးကြိုး တားခဲ့ကြပါ တယ်။

ကာဒီဒရယ် ဘုရားကျောင်းတော် စုလစ်မွန်းချွန် မီးလောင်မှုဟာ ပဲရစ်မြို့တော်က နိုတာဒမ်း ကာသီဒရယ် ဘုရားကျောင်း မီးလောင်ပျက်စီး ခဲ့ရတဲ့ဖြစ်စဉ်ကို ပြန်အမှတ်ရစေခဲ့ပါတယ်။

ပြင်သစ်ရဲ့ အလယ်ခေတ် ဂေါ့သစ် ဗိသုကာဟန်တွေနဲ့ အလှဆင် တည်ဆောက်ထားတဲ့ အဲဒီဘုရားကျောင်းရဲ့ ထိပ်ဖျား စုလမွန်းချွန်ပိုင်းကို နှစ်များစွာ အချိန်ယူ ပြင်ဆင်မွမ်းမံမှုတွေ လုပ်နေတဲ့အတွက် အဆောက်အဦမှာ ငြမ်းဆင်ထားပါတယ်။