စပိန်ဝန်ကြီးချုပ် ပီထရို ဆန်းချေ့ဇ်ရဲ့ဇနီး ဘီဂိုနာ ဂိုမက်ဇ်နဲ့ ပတ်သက်တဲ့ ကြားနာချက်ကို စပိန်တရားသူကြီး တစ်ယောက်က ဇူလိုင် ၅ ရက်မှာ သီတင်းနှစ်ပတ် ရွှေ့ဆိုင်းခဲ့ပါတယ်။

အကျင့်ပျက်ခြစားမှုနဲ့ သြဇာလွှမ်းမိုးတဲ့ အရောင်းအဝယ် ပြုလုပ်ခဲ့ကြောင်း နောက်ထပ် တရားစွဲဆိုချက်တွေနဲ့ ပတ်သက်ပြီး သူမကို သေသေချာချာ အသိမပေးခဲ့ဘူးလို့ ဂိုမက်ဇ်က ခုခံပြောဆိုအပြီးမှာ ကြားနာမှုကို အခုလို နှစ်ပတ် ရွှေ့ဆိုင်းလိုက်တာပါ။

ဂိုမက်ဇ် ဟာ ဝန်ကြီးချုပ်ရဲ့ဇနီး ဆိုတဲ့ အနေအထားကို သြဇာလွှမ်းမိုးအောင် အသုံးပြုခဲ့ခြင်း ရှိမရှိ ထင်ရှားတဲ့ စုံစမ်း စစ်ဆေးမှုကြောင့် အတိုက်အခံတွေ့ရဲ့ ပြစ်တင်ဝေဖန်မှုတွေကြားမှာ ဆန်းချေ့ဇ်ကို ဧပြီလတုန်းက ရာထူးက နုတ်ထွက်ဖို့ စဉ်းစားစေခဲ့ပါတယ်။
ဂိုမက်ဇ်ဟာ သူမအပေါ် စွပ်စွဲချက်ကို ကြားနာဖို့ ဇူလိုင် ၅ ရက် မနက် ၁၀ နာရီမှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ၄၅ မိနစ်အောက်သာ ထွက်ဆိုပြီးနောက် တရားသူကြီး ယွန်းကားလို့စ် ပိုင်နာဒိုက ကြားနာမှုကို ဇူလိုင် ၁၉ ရက်အထိ ရွှေ့ဆိုင်းဖို့ သူမရှေ့နေရဲ့ အသနားခံစာကို ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။