တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ ဆန်စပါးအထွက်နှုန်းနဲ့ပတ်သက်ပြီး ပန်းတိုင်းရည်မှန်းချက်အတိုင်း မထွက်တာ ကိုတွေ့ရတယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဇူလိုင် ၅ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။

ပန်းတိုင်ရည်မှန်းချက်တွေအတိုင်း ပြည့်မီအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ပြည်တွင်း ဆန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပကိုလည်း ပိုမိုတင်ပို့နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နှစ်စဉ် နွေစပါးနဲ့ မိုးစပါးစိုက်ပျိုးမှုဧက ၁၇ သန်းကျော်ရှိပြီး တစ်နှစ်ကို ဆန်တန်ချိန် ၁၃ သန်းနဲ့ ၁၄ သန်းအကြား ထွက်ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။