အင်္ဂလန်အသင်းရဲ့ နောက်ခံလူ ဂျွန်စတုန်းက ခြေထောက်နာကျင်ဒဏ်ရာ ခံစားခဲ့ရပေမယ့် ဆွစ်ဇာလန်အသင်းနဲ့ ကစားမယ့် ယူရို(၂၀၂၄)ကွာတားဖိုင်နယ်ပွဲစဉ်အတွက် အင်္ဂလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာမယ်လို့ ဇူလိုင်လ(၄)ရက်နေ့က အတည်ပြုသွားခဲ့ပါတယ်။

ဂျွန်စတုန်းဟာ ဆွစ်ဇာလန်အသင်းနဲ့ပွဲစဉ်မတိုင်ခင် အင်္ဂလန် အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ခြေထောက်နာကျင်ဒဏ်ရာ ခံစားခဲ့ရတာကြောင့် ပရိသတ်တွေက စိုးရိမ်နေခဲ့ကြ တာပါ။

ဒဏ်ရာက နာကျင်ခဲ့ရတယ်ဆိုပေမယ့် အခုအချိန်မှာ သက်သာနေပြီဖြစ်တာကြောင့် ဆွစ်ဇာလန်အသင်းနဲ့ ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ဂျွန်စတုန်းက ပြောပါတယ်။
ဂျွန်စတုန်းဟာ ယူရို(၂၀၂၄)ပြိုင်ပွဲမှာ အင်္ဂလန် အသင်းရဲ့ပွဲစဉ်အားလုံးကို ပွဲချိန်ပြည့်ကစားပေးခဲ့တဲ့ အဓိကကစားသမားတစ်ယောက်ဖြစ်တာကြောင့် ဆွစ်ဇာလန် အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ပါဝင်လာမှာက အင်္ဂလန်ပရိသတ်တွေအတွက် ဝမ်းသာစရာ ဖြစ်ခဲ့ရပါတယ်။