တစ်စိတ်တစ်ပိုင်းနေကြတ်တဲ့ဖြစ်စဉ်တစ်ခု လာမယ့် မတ်လ ၂၉ ရက်မှာ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ်လ ၂၅ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။အဲဒီတစ်စိတ်တစ်ပိုင်းနေကြတ်တဲ့ဖြစ်စဉ်ဟာ မတ်လ ၂၉ ရက် မွန်းလွဲ ၃ နာရီ မိနစ်၂၀ အချိန်ကနေ ည၇ နာရီ ၁၅ မိနစ်အချိန်အတွင်း ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

အဲဒီတစ်စိတ်တစ်ပိုင်းနေကြတ်တဲ့ဖြစ်စဉ်ကို ဥရောပတိုက်၊ အာရှတိုက်မြောက်ပိုင်း၊ အာဖရိကတိုက် အနောက် မြောက်ပိုင်းနဲ့ မြောက်အမေရိကတိုက်ဒေသတွေရှိ နိုင်ငံအသီးသီးတို့က မြင်တွေ့နိုင်မှာဖြစ်ပါတယ်။နေကြတ်ခြင်းဖြစ်စဉ်ဟာ နေနဲ့ကမ္ဘာကြားတည့်တည့်ကို လရောက်တဲ့အခါ လဟာ နေကို ဖုံးကွယ်သွားပြီး လရဲ့ အရိပ်ဟာ ကမ္ဘာပေါ်ကို ကျရောက်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။