နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန(NSPC)မှာကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲ တတိယနေ့ဖြစ်တဲ့ မတ်လ ၂၆ ရက်မှာ ရွေးကောက်ပွဲ၊ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးကြပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး(အငြိမ်းစား)နဲ့ ဦးကိုကိုကြီးတို့က ဦးဆောင် ဆွေးနွေး ကြတာဖြစ်ပြီး စကားဝိုင်းတစ်ဝိုင်းချင်းစီအလိုက် ပြန်လည်ဆွေးနွေးကြတာဖြစ်ပါတယ်။ရွေးကောက်ပွဲကျင်းပတဲ့နေရာမှာ လုံခြုံမှုရှိမှ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ သဘာပတိအဖြစ်ဆောင်ရွက်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော် မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်လို့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွေနဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ် တော်မဲဆန္ဒနယ်တွေမှာ အချိုးကျကိုယ်စားပြုစနစ်(PR)နဲ့ ကျင်းပသွားဖို့လျာထားတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂၅ ရက်ကပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။