ပေါ်တူဂီအသင်းရဲ့နောက်ခံလူ နူနိုမန်ဒက်စ်က ယူရို(၂၀၂၄)ပြိုင်ပွဲမှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုအတွက် ဖလားယူပေးချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
အခုပြိုင်ပွဲက ရော်နယ်ဒိုရဲ့ နောက်ဆုံးယူရိုပြိုင်ပွဲဖြစ်တာကြောင့် နူနိုမန်ဒက်စ်က ပေါ်တူဂီအသင်းနဲ့အတူ ယူရိုဖလားရတာကို မြင်ချင်နေခဲ့တာပါ။
ရော်နယ်ဒိုက စလိုဗေးနီးယား အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက်အရေးပါတဲ့ ပင်နယ်တီကို လွဲချော်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါပေမယ့်လည်း နောက်ဆုံးယူရို ပြိုင်ပွဲမှာ ရော်နယ်ဒို ဖလားရဖို့အတွက် ကြိုးစားသွားမယ်လို့ နူနိုမန်ဒက်စ် က ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ယူရို(၂၀၂၄)ပြိုင်ပွဲမှာ အားရစရာခြေစွမ်းမျိုး မပြနိုင်ခဲ့သလို ရော်နယ်ဒို ကိုယ်တိုင်ကလည်း တစ်ဂိုးမှ မသွင်းရ သေးတာကြောင့် ဖလားရဖို့ ခက်ခဲခဲ့ရပေမယ့် အသင်းသားတွေ အနေနဲ့ ရော်နယ်ဒိုဖလားရဖို့အတွက် ကြိုးစား သွားဖို့ လိုအပ်တယ်လို့ နူနိုမန်ဒက်စ်က ဆက်လက်ပြောကြားခဲ့ပါ သေးတယ်။
ပေါ်တူဂီအသင်းဟာ ယူရို(၂၀၂၄)ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ပြင်သစ်အသင်းနဲ့ ကစားသွား ရမှာ ဖြစ်ပါတယ်။