လာမယ့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)ကို ကျပ် ၁၇၁,၄၉၈ ဒသမ ၁ ဘီလီယံ ရရှိဖို့ မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ရာခိုင်နှုန်းရရှိဖို့ မျှော်မှန်းထားတယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။မတ်လ ၂၄ ရက်က ကျင်းပတဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာ ကော်မရှင်ဥက္ကဋ္ဌတာဝန် ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

နိုင်ငံတော်ရဲ့ မက်ခရိုစီးပွားရေး အခြေအနေ တည်ငြိမ်မှုနဲ့ ရေရှည်စီးပွားရေး တိုးတက်မှု ရှိစေရေးအတွက် လိုငွေနဲ့ ဂျီဒီပီ အချိုးကို သင့်တင့်တဲ့ပမာဏအတွင်း ထိန်းသိမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဘဏ္ဍာငွေတွေကို ပြည်ထဲရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ အသုံးစရိတ်တွေ တိုးမြှင့်ပေးနေပြီး အခုလို တိုးမြှင့်ပေးတာ ဟာ နိုင်ငံတော်တည်ဆောက်ရေးအတွက် ဆောင်ရွက်ပေးတာဖြစ်တယ်လိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေအနေနဲ့ ဘတ်ဂျက်တွေ လျာထားရာမှာ အမှန်တ ကယ် အသုံးပြုနိုင်မယ့် ပမာဏတွေကို လျာထားဆောင်ရွက်ကြဖို့လိုပြီး ဘဏ္ဍာငွေတွေကို နိုင်ငံတော်နဲ့ ပြည်သူအ တွက် အကျိုးရှိမယ့်နေရာတွေမှာ အသုံးချဖို့ လိုတယ်လို့ ဆိုပါတယ်။

ဘဏ္ဍာငွေသုံးစွဲရေးမှာလည်း စနစ်တကျသုံးစွဲကြဖို့လိုပြီး စီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ စ နစ်တကျနဲ့ ဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်ဖို့လိုကြောင်းနဲ့ စီမံကိန်းတွေအောင်မြင်စေရေး စနစ်တကျနဲ့ တိုင်းပြည်နဲ့ ပြည်သူအပေါ် စေတနာထားပြီး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ လိုတယ်လို့လည်း မှာကြားပါတယ်။ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွေအနေနဲ့ လျာထားတဲ့အတိုင်း ရငွေတွေအပြည့်အဝရရှိအောင် စီမံခန့်ခွဲကြီးကြပ်ဆောင်ရွက်သွားဖို့လည်း အရေးကြီးပြီး အခွန်အကောက်ရငွေ တွေကိုလည်း တည်ဆဲအခွန်အကောက်ဆိုင်ရာဥပဒေတွေနဲ့အညီ အပြည့်အဝကောက်ခံရရှိနိုင်ဖို့ အထူးကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။