ရန်ကုန်မြိုတော် မဟာသင်္ကြန်မဏ္ဍပ်မှာ ယိမ်းအကပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်တယ်လို ရန်ကုန် မြိုတော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ ယိမ်းအကပြိုင်ပွဲမှာ မူကြိုကျောင်းတွေ၊ ကျောင်းတွေ၊ ရုံးနဲ့အခြားဌာနတွေ ပါဝင်ယှဉ်ပြိုင်လိုရတဲ့ (၁၂) ဦးယိမ်း၊ ကျောင်းတွေ၊ ရုံးနဲ့အခြားဌာနတွေ ပါဝင်ယှဉ်ပြိုင်လိုရတဲ့ (၁၆)ဦးယိမ်း၊ ရုံးနဲ့အခြားဌာနတွေ ပါဝင်ယှဉ်ပြိုင်လိုရတဲ့ (၂၀)ဦးယိမ်း၊ (အလွတ်တန်း) (၂၀)ဦးယိမ်းနဲ့ (အမျိုးသား အလွတ်တန်း) (၁၂) ဦးယိမ်းတွေနဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကတွေ ပါဝင်မှာ ဖြစ်ပါတယ်။

မြန်မာတိုရဲ့ မဟာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်တာကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာဖြစ်တယ်လို ဆိုပါတယ်။ ယိမ်းအကပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် လိုသူတွေအနေနဲ့ မတ်လ(၃၁)ရက် နောက်ဆုံးထားပြီး ဗိုလ်တထောင်မြိုနယ်၊ (၄၆)လမ်း၊ ၁၂ ထပ်ခွဲရုံး၊ (၁၀)လွှာရှိ ရန်ကုန်မြိုတော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု) မှာ လာရောက် စာရင်းပေးသွင်းနိုင်တယ်လို သိရပါတယ်။