NSPNC, EAO တွေနဲ့ နိုင်ငံရေးပါတီတွေ သုံးပွင့်ဆိုင် ပါဝင်တဲ့ PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို မတ် ၂၄ ရက်ကနေ ၂၆ ရက်အထိ နေပြည်တော်ရှိ MICC-2 မှာ သုံးရက်ကြာ ကျင်းပသွားမှာ ဖြစ် တယ်လို့ သိရပါတယ်။PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို “ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆိုတဲ့ ခေါင်းစဉ် နဲ့ ကဏ္ဍအလိုက် တတ်သိပညာရှင်တွေက ပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပြီး နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှုနဲ့ စီးပွားရေး နဲ့ လူမှုရေးကဏ္ဍ ဆွေးနွေးမှုဆိုတဲ့ ဂရုနှစ်ခုဖွဲ့ကာ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

အဲဒီ ငြိမ်းချမ်းရေး စကားဝိုင်းကို ပြည်တွင်းမှာ ရှိနေကြတဲ့ EAO အဖွဲ့ ၅ ဖွဲ့၊ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က တာဝန်ရှိ ပုဂ္ဂိုလ် တွေနဲ့ အရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်လုပ်ဆောင်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်းကို NSPNC, EAO တွေနဲ့ နိုင်ငံရေးပါတီတွေ သုံးပွင့်ဆိုင်အဖွဲ့ အစည်းတွေအပါဝင် သတင်းမီဒီယာအဖွဲ့အစည်းတွေလည်း တက်ရောက်မှာဖြစ်ပြီး အဖွဲ့အစည်းပေါင်း (၁၂ဝ)ခန့် တက်ရောက်ကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။