ဟားမာ့စ်ဘက်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အစ္စရေး ဓားစာခံတွေ မလွှတ်ပေးဘူးဆိုရင် ဂါဇာကမ်းမြောင်ဒေသက စစ်ပွဲကြီးဟာ ဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက သတိပေးလိုက်တာကို CNN သတင်းမှာ ရေးသားထားပါတယ်။ လက်ရှိမှာ ဂါဇာတစ်ဝိုက်ရှိ လူအများအပြားကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့နဲ့ လုံခြုံရေးဇုန်တွေ ထပ်မံတိုးချဲ့ဖို့ အစ္စရေးစစ်တပ်ကို ညွှန်ကြားထားတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အစ္စရေးဘက်က အပစ်ခတ်ရပ်စဲရေးစာချုပ်ကို ဖောက်ဖျက်ခဲ့တယ်ဆိုပြီး ဟားမာ့စ်ဘက်က ဓားစားခံတွေ လွှတ်ပေးရေးအစီအစဉ်ကို အချိန်ဆွဲနေတာလည်း ဖြစ်ပါတယ်။ ဟားမာ့စ်ဘက်က ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ ငြင်းဆန်နေလေလေ နယ်မြေတွေကို ထပ်မံထိုးစစ်ဆင်ပြီး ဂါဇာကမ်းမြောင်ဒေသကို အကန့်အသတ်မရှိ သိမ်းပိုက်တာတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အစ္စရေးက ပြောဆိုခဲ့ပါတယ်။ဒီကိစနဲ့ပတ်သက်ပြီးဇန်နဝါရီ ၁၉ က အသက်ဝင်ခဲ့တဲ့ အစ္စရေး-ဟားမာ့စ် အပစ်အခတ်ရပ်စဲရေးကို ပြန်လည်ထူထောင်ဖို့ ကြိုးစား ခဲ့ပေမယ့် မအောင်မြင်သေးဘဲ လက်ရှိမှာ နှစ်ဦးနှစ်ဖက်အပြန်အလှန်ထိုးစစ်ဆင်တာတွေ ပြန်လည်စတင်နေတာ ဖြစ်ပါတယ်။