အနီးအနားမှာရှိတဲ့ လျှပ်စစ်ဓာတ်အားခွဲရုံ မီးလောင်တဲ့အတွက် လန်ဒန်မြို ဟီးသရိုးလေဆိပ်ကို မတ်လ ၂၁ ရက် တစ်ရက်လုံး ပိတ်ထားရတယ်လို နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ ဓာတ်အားခွဲရုံ မီးလောင်တာကြောင့် လေဆိပ်မှာ ဓာတ်အားပြတ်တောက်မှု ဖြစ်နေပြီး ခရီးသည်တွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် မတ်လ ၂၁ ရက် ဒေသစံတော်ချိန် ည ၁၂ နာရီအထိ ပိတ်ထားမယ်လို လေဆိပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။

မီးသတ် သမားတွေက အခြေအနေကို ထိန်းသိမ်းဖို ဆောင်ရွက်နေပေမယ့် ဘယ်အချိန်မှာ ဓာတ်အားပြန်ရမလဲ ဆိုတာကို အတိအကျ မသိရသေးဘူးလို ဟီးသရိုးလေဆိပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဟီးသရိုးလေ ဆိပ်ဟာ ဗြိတိန်ရဲ့အကြီးဆုံးလေဆိပ်ဖြစ်ပြီး တစ်ရက်ကို လေကြောင်းခရီးစဉ် ၁၃၀၀ လောက် ပျံသန်း ပြေးဆွဲနေ တာပါ။ ဒီနေ့တစ်ရက်တာ လေဆိပ်ပိတ်ခဲ့ရတဲ့ အခြေအနေကြောင့် ခရီးသည် ၁၄၅,၀၀၀ ထက် မနည်း ထိခိုက်နိုင် တယ်လို လေကြောင်းလိုင်းခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီတစ်ခုက ခန့်မှန်းပါတယ်။ဟီးသရိုးလေဆိပ်ဟာ ကမ္ဘာ့အကြီးဆုံး လေဆိပ်တွေထဲက တစ်ခုလည်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က လေဆိပ်ကို ခရီးသည် ဝင်ရောက်မှုက ၈၃ ဒသမ ၉ သန်းအထိ စံချိန်တင်ပမာဏ ရှိခဲ့ပါတယ်။

လန်ဒန်အနောက်ပိုင်းမှာရှိတဲ့ လျှပ်စစ်ဓာတ်အားခွဲရုံမှာ မတ်လ ၂၀ ရက် ညနှောင်းပိုင်းက တင်စဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် အိမ်ခြေထောင် ပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး လူပေါင်း ၁၅၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို သိရပါ တယ်။ လန်ဒန်မီးသတ်တပ်ဖွဲကတော့ မီးငြှိမ်းသတ်ဖိုအတွက် မီးသတ်ကား ၁၀ စီးနဲ့ မီးသတ်သမား ၇၀ ခန့် စေလွှတ်ထားတယ်လို ပြောထားပြီး မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။