မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံရှိ နှစ်နိုင်ငံလွှတ်တော်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဆောင်ရွက် သွားမယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov တို့ ဆွေးနွေးခဲ့ကြပါတယ်၊၊မတ်လ ၂၀ ရက် မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမမှာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov က လာရောက်ဂါရဝပြု တွေ့ဆုံချိန်မှာ အခုလို ထည့်သွင်း ဆွေးနွေးခဲ့ ကြတာပါ။

အဲဒီလိုတွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံ နှစ်နိုင်ငံလွှတ်တော်တွေအကြား ပူးပေါင်းဆောင်ရွက်မှု တွေကို တိုးမြှင့်ဆောင်ရွက်သွားမယ့် အခြေအနေတွေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လွှတ်တော်တွေကို လေ့လာရေး အဖွဲ့တွေ စေလွှတ်သွားမယ့် အခြေအနေတွေ၊ ကာကွယ်ရေးပိုင်းဆိုင်ရာတွေ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကိစ္စရပ်တွေနဲ့ အခြားကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် တိုးမြှင့်သွားမယ့် အခြေအနေ တွေနဲ့ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးခရီးစဉ်တွေ အပြန်အလှန်လည်ပတ်ရေး ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်၊၊

အဲဒီအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့မှုကြောင့် အောင်မြင်တဲ့ ခရီးစဉ်ဖြစ်ခဲ့မှု အခြေအနေတွေ၊ ချစ်ကြည်ရေးခရီးစဉ်အတွင်း ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက် နေတဲ့ အခြေအနေတွေနဲ့ ဆွေးနွေးဖို့ ကျန်ရှိတဲ့အချက်တွေကို ဆက်လက်ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊၊