မြန်မာယူ- ၂၂ အမျိုးသားဘောလုံးအသင်းရဲ့ ပထမဆုံးခြေစမ်းပွဲအဖြစ် တရုတ်(ဟောင်ကောင်) ယူ-၂၂အသင်းနဲ့ မတ်လ (၁၉)ရက် ညနေပိုင်းက ရန်ကုန်မြိုရှိ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ မြန်မာယူ-၂၂ အသင်းအနေနဲ့ အခုပွဲစဉ်က ပထမဆုံးခြေစမ်းပွဲဖြစ်တာကြောင့် အနိုင်ရဖို ကြိုးစားခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းမှုတွေကြောင့် သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

လာမယ့်ဆီးဂိမ်းပြိုင်ပွဲအတွက် အဓိကရည်ရွယ်ဖွဲစည်းထားတဲ့ မြန်မာ ယူ-၂၂ အသင်းကို ဂျပန်လူမျိုးနည်းပြက တာဝန်ယူကိုင်တွယ်နေတာဖြစ်ပြီး အခုရွေးချယ်ထားတဲ့ လူစာရင်းဟာ ပဏာမအဆင့် ဖြစ်တယ်လို ဆိုပါတယ်။ လာမယ့်ခြေစမ်းပွဲတွေနဲ့ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်တွေကိုကြည့်ပြီး အပြီးသတ်လူစာရင်းကို ဆက်လက်ရွေးချယ်သွားမှာဖြစ်တယ်လို သိရပါတယ်။