စကော့တလန် ဂန္ထဝင်ကစားသမား ကင်နီ ဒဲလ်ဂလစ်ရှ်ရဲ့ လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားထားတဲ့ စံချိန်ကို လိုက်မီဖို မျှော်လင့်ထားတယ်လို အသင်းခေါင်းဆောင် ရောဘတ်ဆန်က ပြောကြားခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ရောဘတ်ဆန်ဟာ ဂရိအသင်းနဲ့ ကစားမယ့် နေးရှင်းလိဂ်ပွဲမှာ လက်ရွေးစင်အတွက် (၈၁)ပွဲမြောက် အဖြစ် ပါဝင်ကစားမှာ ဖြစ်ပါတယ်။

ဒါက ကွင်းလယ်လူဟောင်း ဖလက်ချာရဲ့ ပွဲအရေအတွက်ကို ကျော်ဖြတ်မှာ ဖြစ်ပြီး တတိယမြောက် ပွဲအများဆုံး ကစားသမားဖြစ်လာမှာပါ။ စကော့တလန်လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံး ကစားပေးထားသူအဖြစ် ဒဲလ်ဂလစ်ရှ်က (၁၀၂)ပွဲနဲ့ စံချိန်တင်ထားပြီး ဒဲလ်ဂလစ်ရှ်ရဲ့နောက်မှာ လိုက်တန်က (၉၁)ပွဲနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လက်ရှိမှာ လက်ရွေးစင်အသင်းကနေ အနားယူဖို အစီအစဉ်လုံးဝမရှိသေးသလို ဒဲလ်ဂလစ်ရှ်ရဲ့ စံချိန်ကို လိုက်မီနိုင်ဖိုအထိ ပစ်မှတ်ထားနေပါတယ်လို ရောဘတ်ဆန်က ပြောသွားခဲ့ပါတယ်။

စကော့တလန်အသင်းရဲ့ လက်ရှိနည်းပြ စတိဗ်ကလာ့ခ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ စကော့တလန်နဲ့ လမ်းခွဲဖိုများတယ်လို ပြောကြားမှုအပေါ်လည်း ရော်ဘတ်ဆန်က နည်းပြကလာ့ခ်ရဲ့ ဆုံးဖြတ်ချက်ပြောင်းလဲဖိုကို အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို ပြောသွားခဲ့ပါတယ်။ ရော်ဘတ် ဆန်ဟာ စကော့တလန်အသင်းခေါင်းဆောင် ရာထူးကို ၂၀၁၈ စက်တင်ဘာလထဲက ရယူထားသူဖြစ်ပါတယ်။