ပြင်သစ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း ကိုင်တွယ်ပုံအမှားတွေရှိခဲ့တယ်လို တိုက်စစ်မှူး အမ်ဘာပေက ဝန်ခံသွားခဲ့ပါတယ်။ အမ်ဘာပေဟာ စက်တင်ဘာ ၆ ရက်နေ့က အီတလီအသင်းကို ရှုးခဲ့တဲ့ ပွဲနောက်ပိုင်း လက်ရွေးစင်အသင်းနဲ့ ၆ လကြာ ဝေးကွာမှုကို အခုလထဲမှာ အဆုံးသတ်နိုင်ခဲ့ပြီး လက်ရွေးစင် အသင်းမှာ ပြန်လည်ပါဝင်လာခဲ့တာဖြစ်ပါတယ်။

အီတလီအသင်းကို ရှုးတဲ့ပွဲမှာ သူကိုယ်တိုင်ကစားပုံမကောင်း ခဲ့သလို အဲဒီအချိန်တွေက အသင်းခေါင်းဆောင် အဖြစ်လည်း ကိစ္စရပ်တွေကို ကောင်းစွာမကိုင်တွယ်နိုင်ခဲ့ဘူးလို အမ်ဘာပေက ဝန်ခံသွားခဲ့တာပါ။ အမ်ဘာပေဟာ အီတလီအသင်းနဲ့ပွဲအပြီးမှာ ပြင်သစ်အသင်းရဲ့ ပွဲစဉ်တွေကို ဒဏ်ရာကြောင့်လွဲချော်ခဲ့ပြီး အခုလို အနားရလိုက် တာက အမ်ဘာပေအတွက် စိတ်ပိုင်းရော ရုပ်ပိုင်းအတွက်ပါ ကောင်းမွန်စေပါတယ်လို ပြင်သစ်နည်းပြ ဒက်ချမ့်စ်က ပြောခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် အမ်ဘာပေဟာ ပြင်သစ်အသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမား စာရင်းမှာ ၄၈ ဂိုးနဲ့ တတိယနေရာမှာရပ်တည်နေ တာဖြစ်ပါတယ်။ ဒါပေမဲ့ အမ်ဘာပေဟာ ပြင်သစ်အသင်းနဲ့အတူ နောက်ဆုံး ၁၂ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့လို ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး အခုရာသီ ရီးရဲလ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၃၁ ဂိုးအထိ သွင်းယူထားနိုင်တဲ့ ပုံစံကောင်း ကို နိုင်ငံအသင်းမှာ ဆက်လက်ပြသနိုင်ဖို မျှော်လင့်ထားတယ်လို အမ်ဘာပေက ပြောသွားခဲ့ပါတယ်။