အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတ ပူတင်နဲ့ ဆက်သွယ်ဆွေးနွေးပြီး တစ်ရက်အကြာမှာ ယူကရိန်း သမ္မတနဲ့ တစ်နာရီကြာ တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဆွေးနွေးပြောဆိုကြရာမှာ ခေါင်းဆောင်နှစ်ယောက်အတွက် ထင်မှတ်မထားလောက်အောင် အလွန်ကောင်းမွန်တဲ့ ဆွေးနွေးမှုရလာဒ်တွေ ရရှိခဲ့တယ်လို ဆိုပါတယ်။

ဖုန်းနဲ့ဆက်သွယ်ပြောဆိုမှုအတွင်း နှစ်နိုင်ငံ အပြန်အလှန်တောင်းဆိုမှုတွေ၊ လိုအပ်ချက်တွေကို ဆွေးနွေးခဲ့တဲ့ အပြင် ထိန်းညှိလိုမရသေးတဲ့ ယူကရိန်း-ရုရှားအရေးကို ချိန်ညှိဖိုလည်း ပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှု လမ်းကြောင်းပေါ် အမြန်ဆုံးရောက်ရှိအောင်လည်း ဆောင်ရွက်သွားမယ်လို ထရမ့်က ပြောပါတယ်။ဒါ့အပြင် သမ္မတဇယ်လန်စကီးနဲ့ ဆွေးနွေးမှုက အံ့သြဖွယ်ကောင်းလောက်အောင် အင်မတန်ကောင်းမွန်ပြီး စစ်ပွဲ အဆုံး သတ်ရေးအတွက် ကြီးမားတဲ့ တိုးတက်မှုတွေ အများကြီး ရရှိခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ယူကရိန်းကို ထောက်လှမ်းရေးသတင်းတွေ ဆက်လက် ပံ့ပိုးပေးသွားမယ့်အပြင် ယူကရိန်းမှာရှိတဲ့ နျူကလီးယားဓာတ်အားပေး စက်ရုံတွေကို စီမံခန့်ခွဲဖိုအတွက် အမေရိကန်ဘက်က ကူညီဖိုအသင့်ရှိနေပြီး စီမံခန့်ခွဲပိုင်ဆိုင်ခွင့် ပေးမယ်ဆို ရင် ကာကွယ်ဖိုအတွက် အကောင်းဆုံးနည်းလမ်းဖြစ်မယ်လိုလည်း ထရမ့်က ပြောပါတယ်။