မြန်မာ ယူ-၂၂ အမျိုးသားဘောလုံးအသင်းနဲ့ တရုတ်(ဟောင်ကောင်)ယူ-၂၂အသင်းတို့ဟာ မတ်လ (၁၉)ရက်မှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ ခြေစမ်းပွဲယှဉ်ပြိုင်ကစားကြမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။

ဒီခြေစမ်းပွဲဟာ၂၀၂၅ ဆီးဂိမ်းနဲ့ အာဆီယံချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲတွေအတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ မြန်မာယူ-၂၂ အသင်းရဲ့ ပထမဆုံး နိုင်ငံတကာခြေစမ်းပွဲစဉ်လည်း ဖြစ်ပါတယ်။

ပြီးခဲတဲ့ ၂၀၂၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပေမယ့် အဆင့် ၄ သာရရှိခဲ့လို့ ဆုတံဆိပ်နဲ့ လွဲချော်ခဲ့ရတာပါ။

အခု၂၀၂၅ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာတော့ အောင်မြင်မှုတစ်စုံတစ်ရာ ရရှိနိုင်ဖို့အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။