မကွေးတိုင်းဒေသကြီးမှာ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲမှာ ပြီးခဲ့တဲ့နှစ်ကထက် ဖြေဆိုသူ များပြားလာတယ်လို့ တိုင်းပညာရေးမှူးဒေါက်တာကျော်စိုးနိုင်က ပြောပါတယ်။တစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်က စတင်ကာဖြေဆိုနေပြီ ဖြစ်ပါတယ်။

အခုနှစ် မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူကျောင်းသားဦးရေ ၁၈၀၀၀ ကျော်ရှိရာ အရင်နှစ် နဲ့ယှဉ်ရင်ဖြေဆိုသူအယောက်(၅၀၀)လောက်တိုးလာပြီး စာဖြေဌာနအနေနဲ့လည်း ၄၉ခု အထိရှိတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်ကထက် ဖြေဆိုသူများပြားလာပြီး မကွေးတိုင်းအနေနဲ့ အောင်ချက်ကောင်းအောင် လုပ်ဆောင်ထား တယ်လို့ မကွေးတိုင်းပညာရေးမှူးဒေါက်တာကျော်စိုးနိုင်က ပြောပါတယ်။

မကွေးတိုင်းအတွင်း အခြေခံပညာကျောင်းတွေမှာ ပြုလုပ်တဲ့စာဖြေ ဌာနတွေသာမက သက်ဆိုင်ရာဆေးရုံတွေမှာ လည်း အရေးပေါ်စာဖြေဌာနတွေ ထားရှိထားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ကျန်းမာရေးမှူးတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။