ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောမတူရင် ရုရှားနိုင်ငံအပေါ် ပိတ်ဆိုအရေးယူမှုတွေ တိုးလုပ်မယ်လို G7 နိုင်ငံတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။ကနေဒါမှာ ပြုလုပ်နေတဲ့ G7 စက်မှုနိုင်ငံတွေရဲ့ အစည်းအဝေးအပြီး မတ်လ ၁၄ ရက်မှာ အခုလို ထုတ်ပြန်တာ ဖြစ်ပါတယ်။G7 နိုင်ငံတွေအနေနဲ့ ရုရှားအပေါ် ပိတ်ဆိုအရေးယူမှုတွေ တိုးမြှင့်မှာဖြစ်သလို ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်သွားမယ်လို ဒီကြေညာချက်မှာ သတိပေးထားပါတယ်။

အမေရိကန်က အဆိုပြုထားတဲ့ ယူကရိန်း-ရုရှား ရက် ၃၀ အပစ်ရပ်သဘောတူညီချက်ကို ယူကရိန်းက လက်ခံထားပေမယ့် ရုရှားဘက်ကတော့ သဘောတူဖို တွန့်ဆုတ်နေတဲ့အတွက် G7 နိုင်ငံတွေက အခုလို ဖိအားပေးလာတာပါ။G7 နိုင်ငံတွေရဲ့ ကြေညာချက်မှာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို ဆက်လက်ထောက်ခံသွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။၂၀၂၂ ခုနှစ် ယူကရိန်း-ရုရှား စစ်ပွဲ စတင်တဲ့အချိန်ကစလို ရုရှားရဲ့ ပိုင်ဆိုင်မှု ယူရို ဘီလီယံ ၃၀၀ ဝန်းကျင်ကို G7 နိုင်ငံတွေက ထိန်းချုပ်ထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမားက အပစ်ရပ်သဘောတူညီချက် ရရှိပြီးရင်လည်း ယူကရိန်းမှာ ဒီအပစ်ရပ်အခြေအနေကို စောင့်ကြည့်ဖိုအတွက် ညွန့်ပေါင်းအဖွဲတစ်ခုဖွဲဖို ၂၅ နိုင်ငံက ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။G7 နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်နဲ့ ဥရောပသမဂ္ဂက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။