ညောင်ဦးမြိုနယ် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာမှာ ရိုးရာအိုးလုပ်ငန်းများလုပ်ကိုင်နေရာ ထန်းဆွဲမြူအိုးအမြောက်အများ ရောင်းချနေရကြောင်း တောင်ကုန်းကျေးရွာ အိုးလုပ်ငန်းလုပ်ကိုင်ရောင်းချသူတွေဆီကသိရပါတယ်။

ညောင်ဦးမြိုနယ်တောင်ကုန်းကျေးရွာထွက် ပြာသိုသောက်ရေအိုးနဲ့ ထန်းဆွဲ မြူအိုးတိုမှာ နာမည်ရအရောင်းရဆုံးအိုးများဖြစ်တယ်လိုဆိုပါတယ်။ ထန်းတက်ဒေသတွေဖြစ်တဲ့ ကျောက်ပန်းတောင်းမြို နှစ်ကျပ်ခွဲရွာ၊ ညောင်ဦးမြိုနယ် တောင်ဇင်းကျေးရွာ၊ တက်မကျေးရွာ၊ တောင်သာမြို နယ်ဝဲလောင်ကျေးရွာ၊ တောင်သာမြို၊ ပခုက္ကူမြိုနဲ့ ငါ့သရောက်မြိုတိုက တောင်ကုန်းကျေးရွာထွက် ထန်းဆွဲမြူမြူအိုးများကိုသာသုံးစွဲကြတာဖြစ်တယ်လို အိုးလုပ်ငန်းရှင် ဦးမြင့်ဆွေကပြောပါတယ်။ထန်းတက်ရာသီအမီမှာ ထန်းဆွဲမြူအိုးအများဆုံးရောင်းချရပြီး ထန်းဆွဲမြူအိုးတစ်လုံးကို ကျပ် ၂၅၀ အထိရောင်းချရတယ်လိုသိရပါတယ်။

တောင်ကုန်းကျေးရွာမှာ အိုးပုံဖော်သူ အိုးပညာရှင်မှာ အမျိုးသမီးများသာဖြစ်ပြီး အမျိုးသားတွေက မြေနယ်ခြင်း၊ အိုးပြင် စက်လှဲခြင်း၊ မြေသယ်ခြင်းလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ အိုးလုပ်ငန်းကို နတ်တော်၊ ပြာသို၊ တပိုတွဲ၊ တပေါင်း၊ တန်ခူးလတွေမှာ လှိင်လှိင်လုပ်ကိုင်ကြတာဖြစ်ပါတယ်။ညောင်ဦးမြိုနယ် ငါ့သရောက်မြို တောင်ကုန်းကျေးရွာဟာ အိမ်ခြေ ၁၂၀ ကျော် ရှိပြီး တစ်ရွာလုံးနီးပါး ရိုးရာအိုးလုပ်ငန်းလုပ်ကိုင်ကြပါတယ်။