ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြိုနယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှု ဆောင်ရွက်နေတဲ့ တရားမဝင်ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲ ပြောင်းသွားမယ်လို နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့မတ်လ ၁၂ ရက်နေ့က တန့်ယန်းမြိုနယ် နားဟုတ်ကျေးရွာအုပ်စုအတွင်း စစ်ဆေးခဲ့ရာ တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှု ဆောင်ရွက်နေတဲ့ တရားမဝင်ပြည်ပနိုင်ငံသား ၁၆၅ ဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦးတိုကို ဖမ်းဆီးရမိခဲ့တယ်လို သိရပါတယ်။တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသူတွေကို အလျားပေ ၂၀၀ ၊ အနံပေ ၆၀ ရှိ သွပ်မိုးခန်းမတစ်လုံး ၊ ခုနှစ်ခန်းတွဲယာယီလူနေ အဆောက်အအုံ ၅လုံး ၊ လုပ်ငန်းသုံးပရိဘောဂပစ္စည်းတွေ ၊ StarLink နှစ်စုံ ၊ ဖုန်းမျိုးစုံ အလုံး ၃၀ ၊ All in One ကွန်ပျူတာ ၅လုံး တိုနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို ဖေါ်ပြထားပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိသူတွေကို စိစစ်ဆောင်ရွက်နေပြီး ဉပဒေနဲ့အညီ တရားစွဲဆိုအရေးယူဆောင်ရွက် နိုင်ဖို ၊ ပြည်ပနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတွေ ကို ရှေးရှုပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမယ်လိုသိရပါတယ်။