အိမ်ရာချေးငွေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးစီမံကိန်း အစီအစဉ်နဲ့ ဇန်နဝါရီလ ၂၈ ရက်က ရောင်းချခဲ့တဲ့ သီလဝါ အိမ်ရာမှာရှိတဲ့ အခန်းတွေကို ယာယီနေထိုင်ခွင့်ထုတ်ပေးသွားမယ်လို မြိုပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီး ဌာနက သိရပါတယ်။သီလဝါအိမ်ရာက ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၈ ရက်က ရောင်းချခဲ့တဲ့ အခန်းတွေနဲ့စပ်လျဉ်းပြီး ချေးငွေနဲ့ပတ်သက် တဲ့လုပ်ငန်းတွေကို CHID Bank က ဆောင်ရွက်နေပြီး အခန်းဝယ်ယူခွင့်ရရှိထားသူတွေကို ယာယီနေထိုင်ခွင့်ပြု သွားမှာဖြစ်ပါတယ်။

လာမယ့် မတ်လ ၂၀ ရက်နေ့ကစပြီး ယာယီနေထိုင်ခွင့်အကြောင်းကြားစာထုတ်ပေးတာကို မြိုပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီး ဌာနမှာ ဆောင်ရွက်ပေးသွားမယ်လို သိရပါတယ်။ယာယီနေထိုင်ခွင့်အကြောင်းကြားစာထုတ်ယူမယ့်သူတွေအနေနဲ့ ကိုယ်တိုင်ထုတ်ယူမယ်ဆိုရင် မှတ်ပုံတင်မူရင်းမိတ္တူ ၊ အိမ်ထောင်စုစာရင်းမိတ္တူတိုနဲ့ ထုတ်ယူရမှာပါ။ကိုယ်စားထုတ်ယူမယ်ဆိုရင်တော့ ကိုယ်စားလှယ်လွှစာမူရင်း ၊ ကာယကံရှင်နဲ့ ကိုယ်စားလှယ်ရဲ့မှတ်ပုံတင်မူရင်းနဲ့ မိတ္တူ ၊ အိမ်ထောင်စုစာရင်းမိတ္တူ တိုနဲ့ ထုတ်ယူရမယ်လို ဖော်ပြထားပါတယ်။ဆောက်လုပ်ရေး ဝန်ကြီးဌာန မြိုပြနဲ့အိမ်ရာ ဖွံဖြိုးရေး ဦးစီးဌာနက တန်ဖိုး နည်း ၊ တန်ဖိုးသင့် အိမ်ရာစီမံကိန်း တွေ နဲ့ အငှားအိမ်ရာစီမံကိန်းတွေကို ဖော်ဆောင်ပေးနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိင်သာယာ ၊ ရွှေပြည်သာ ၊ ဒဂုံမြိုသစ် (ဆိပ်ကမ်း) ၊ သန်လျင်-ကျောက်တန်းမြိုနယ်တွေ မှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို တည်ဆောက်ရောင်းချပေးနေတယ်လို သိရပါတယ်။အဲဒီအိမ်ရာတွေမှာရှိတဲ့အိမ်ခန်းတွေကို ဝယ်ယူချင်လိုသူတွေအနေနဲ့ အိမ်ရာနှင့်အခြေခံအဆောက် အအုံဖွံဖြိုးရေး ဘဏ် မှာ အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ပြီး စုဆောင်းငွေကျပ် သိန်း ၃၀ ပြည့်ရင် နှစ်ရှည်အိမ်ရာချေးငွေယူပြီး အိမ်ခန်း ဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။လက်ရှိမှာ မြိုပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက တန်ဖိုးသင့်အိမ်ရာတွေက အခန်းဝယ်ယူခွင့်ပြုကြောင်းအကြောင်းကြားစာတွေကို အတုပြု လုပ်ပြီး အခန်းတွေလိမ်လည်ရောင်းချနေတာတွေလည်းရှိနေတယ်လို သိရပါတယ်။