မတ်လ ၁၄ရက်နေ့ ညနေပိုင်းက အမေရိကန်ပြည်ထောင်စု ဒမ်ဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အမေရိကန်လေကြောင်းလိုင်းက ပြေးဆွဲနေတဲ့ Boeing 737-800 အမျိုးအစားလေယာဉ် အင်ဂျင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း CNN သတင်းမှာဖေါ်ပြထားပါတယ်။ခရီးသည် ၁၇၂ ဦးနဲ့လေယာဉ် အမှုထမ်း ၆ ဦး လိုက်ပါလာတဲ့ ကော်လိုရာဒိုစပရင်းမြိုကနေ ဒဲလာ့စ်-ဖိုဒ်-ဝေါ့သ် ကိုပျံသန်းလာတဲ့ Boeing 737-800 အမျိုးအစား လေယာဉ်ဟာ အင်ဂျင်လောင်ကျွမ်းမှုကြောင့် ဒမ်ဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။

လေယာဉ်အင်ဂျင်တုန်ခါမှုကြောင့် အရေးပေါ်ဆင်းသက်စဉ် မီးလောင်ကျွမ်းသွားခဲ့တာဖြစ်ပါတယ်၊ မီးလောင်ကျွမ်းမှုကို အချိန်မီငြိမ်းသတ်နိုင်ခဲ့ပြီး ခရီးသည်အားလုံး ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို Denver အပြည်ပြည်ဆိုင်ရာလေဆိပ်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။အခင်းဖြစ်ပွားရာနေရာမှာ မီးခိုးငွေ့တွေ ပြည့်လျှံနေတာကြောင့် အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ ခရီးသည်ခြောက်ဦးကို ဆေးရုံကို အမြန်ဆုံး ပိုဆောင်ခဲ့ကြောင်း အမေရိကန်လေကြောင်းလိုင်းက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။