WBO ဟဲဗီးဝိတ်တန်းချန်ပီယံဆုကာကွယ်ပွဲဖြစ် ဂျိုးဆက်ပါကားနဲ့ ထိုးသတ်ဖို ဆွေးနွေးမှုတွေစတင် နိုက်ရေးအတွက် ယူကရိန်းနိုင်ငံသား အူဆက်ခ်ကို WBO ဘက်က အကြောင်းကြားထားတယ်လို သိရပါတယ်။ ဒါ့ကြောင့် အူဆက်ခ်ဟာ ပါကားနဲ့ထိုးသတ်ဖိုအတွက် တစ်လအတွင်း သဘောတူညီမှုရဖိုကို ကြိုးပမ်းရတော့မှာ လည်းဖြစ်ပါတယ်။ အူဆက်ခ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ တိုင်ဆန်ဖြူရီကို အနိုင်ယူပြီးနောက် WBC,WBA နဲ့ WBO ဟဲဗီးဝိတ်တန်း ချန်ပီယံဆုတွေကို ကာကွယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အူဆက်ခ်ဟာ ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုများ ပေါင်းစည်းရေးပွဲအဖြစ် IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဒူဘော့စ်နဲ့ ထိုးသတ်ဖိုကို စကားပြောဆိုမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဗြိတိန်နိုင်ငံသား ဒူဘော့စ်ကတော့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပါကားနဲ့ထိုးသတ်ဖို စီစဉ်ထားခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကြောင့် ပွဲကို ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံသား ပါကားဟာ WBO ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၆ နဲ့ ၂၀၁၈ တွေမှာ ရယူထားခဲ့ဖူးပြီး ၂၀၁၈ မှာတော့ ဗြိတိန်နိုင်ငံသား ဂျော့ရှူအာကို ရှုနိမ့်ပြီး ချန်ပီယံဆု လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။