ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ၆ လကြာဝေးကွာခဲ့ပြီးနောက် မတ်လအတွင်းကစားမယ့် နိုင်ငံတကာပွဲစဉ်အတွက် ပြင်သစ်အသင်းလူစာရင်းမှာ တိုက်စစ်မှူး အမ်ဘာပေ ပြန်လည်ပါဝင်လာခဲ့ပါတယ်။၂၀၁၈ ကမ္ဘာ့ဖလားကို ပြင်သစ် အသင်းနဲ့အတူ ရရှိထားခဲ့တဲ့ အမ်ဘာပေဟာ ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ ကစားခဲ့တဲ့ ပြင်သစ်အသင်းရဲ့ပွဲတွေကို လွဲချော်ခဲ့တာဖြစ်ပြီး အခုလထဲ ခရိုအေးရှားအသင်းနဲ့ ကစားမယ့် နေးရှင်းလိဂ်ကွာတားဖိုင်နယ်ပွဲတွေမှာ အသင်းခေါင်းဆောင်အဖြစ် ပြန်လည်ပါဝင်လာတော့မှာဖြစ်ပါတယ်။

အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၈၆ ပွဲမှာ ၄၈ ဂိုးသွင်းပြီး ၃၅ ဂိုးဖန်တီးပေးထား နိုင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ တတိယသွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည် နေတဲ့ အမ်ဘာပေအနေနဲ့ ဒုတိယနေရာမှာရှိနေတဲ့ အွန်နရီရဲ့ ၅၁ ဂိုးစံချိန်ကို ချိုးဖျုက်နိုင်ဖို နီးစပ်နေတာလည်း ဖြစ်ပါတယ်။ပြင်သစ်အသင်းဟာ မတ်လ ၂၀ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ ခရိုအေးရှားအသင်းနဲ့ နေးရှင်းလိဂ်ပွဲ ကစားရဖို ရှိနေတာဖြစ်ပါတယ်။