တရုတ်နိုင်ငံဟာ အီရန်နျူကလီးယားအရေးနဲ့ပတ်သက်လို ရုရှား၊ အီရန်တိုနဲ့ ဘေဂျင်းမြိုတော်မှာ အိမ်ရှင်အဖြစ် မတ်လ ၁၄ ရက်မှာ တွေ့ဆုံဆွေးနွေးဖို ရှိတယ်လို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Reuters သတင်းဌာန က ရေးသားထားပါတယ်။

အဲ့ဒီဆွေးနွေးပွဲတက်ဖို ရုရှားနဲ့ အီရန် နှစ်နိုင်ငံစလုံးက ဒုတိယနိုင်ငံခြားရေးဝန်ကြီးတွေ စေလွှတ်မယ်လို ဆိုပါတယ်။ ပြီးခဲ့တဲ့ဇန်န၀ါရီလတုန်းက ချုပ်ဆိုခဲ့တဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်နဲ့အတူ အီရန်နဲ့ ရုရှားတိုအကြား ဆက်ဆံရေးဟာ ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲ စတင်ကတည်းက နက်ရှိင်းလာခဲ့တာဖြစ်ပါတယ်။ဘေဂျင်းမှာ ဆွေးနွေးကြမယ့် အဆိုပါအစည်းအဝေးအတွင်း တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး က သဘာပတိအဖြစ် ဆောင်ရွက်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က မတ်လ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အီရန်ရဲ့ ယူရေနီယံ သိုလှောင်မှု တိုးချဲ့တာနဲ့ ပတ်သက်လို မတ်လ ၁၄ ရက်နေ့မှာ ကျင်းပမယ့် နယူးယောက်မြို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးအပြီး အခုဘေဂျင်း မှာ ဆွေးနွေးပွဲကို ပြုလုပ်ဖို စီစဉ်ခဲ့တာဖြစ်ပါတယ်။ အီရန်နျူကလီးယားအစီအစဉ်ကို ကိုင်တွယ်ဖြေရှင်းဖို နိုင်ငံတကာကြိုးပမ်းမှုတွေနဲ့ပတ်သက်လို ရုရှားနိုင်ငံဆိုင်ရာ အီရန်သံအမတ် နဲ့ မိမိတိုဆွေးနွေးခဲ့ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပြောကြားထားပါတယ်။အီရန်နဲ့ ဆက်သွယ်ရာမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရကို ရုရှားက ကူညီဖို သဘောတူခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် အထက်ပါအတိုင်း နျူကလီးယားအရေးဆွေးနွေးဖို ဘေဂျင်းက အတည်ပြုခဲ့တာဖြစ်ပါတယ်။ အီရန်ကတော့ သူရဲ့ နျူကလီးယားပိုင်ဆိုင်မှုဟာ လက်နက်အဆင့်အဖြစ် သုံးနိုင်တဲ့ နျူကလီယားသန့်စင်ရေး မလုပ်ကြောင်း ငြင်းဆိုထားတာဟာ ကာလအတန်ကြာပြီဖြစ်ပါတယ်။