လက်ရှိမှာ Bitcoinဈေးနှုန်းအတက်အကျက အလွန်မြန်ဆန်နေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် များစွာ သက်ရောက်မှုတွေဖြစ်ပေါ်နေတယ်လို ဈေးကွက်ကျွမ်းကျင်သူတွေကခန့်မှန်းသုံးသပ်ထားကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။အမေရိကန်သမ္မတသစ် ထရမ့်လက်ထပ်မှာ Cryptocurrency ဈေးကွက်က အလျင်အမြန်ပြောင်းလဲလာတာကြောင့် ရင်းနှီးမြှုပ်နှံသူအသစ်တွေအတွက် တုန်လှုပ်ချောက်ချားမှုများစွာလည်းဖြစ်ပေါ်ခဲ့တာပါ။

ထရမ့် ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ခြောက်ပတ်အကြာမှာ Bitcoin ဟာ ကမ္ဘာလုံးဆိုင်ရာစတော့ရှယ်ယာရောင်းအ၀ယ် တွေကို ရိုက်ခတ်ခဲ့ပြီး ဈေးကွက်အပြောင်းအလဲများစွာလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။အခုသီတင်းပတ်အတွင်း အကြီးဆုံး cryptocurrency ငွေကြေးတစ်မျိုးဖြစ်တဲ့ Bitcoinဈေးနှုန်းက အမေရိကန်ဒေါ်လာ ၈၀၀၀၀ ဝန်းကျင်ကို ကျဆင်းသွားပြီး အရောင်းအဝယ်လည်းအေးနေတယ်လို လေ့လာသူတွေက ပြောပါတယ်။Bitcoinဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ ကနေ ၈၀၀၀၀ ဝန်းကျင်ကို ကျဆင်းသွားပြီး တစ်နှစ်တာအတွင်း အနိမ့်ဆုံးဈေးနှုန်းကျဆင်းမှုကိုကြုံတွေ့နေရတာဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး cryptocurrency တစ်မျိုးဖြစ်တဲ့ Bitcoinဈေးနှုန်းက ဇန်နဝါရီအတွင်းက အမေရိကန်ဒေါ်လာ ၁၀၉၀၇၂ ဒေါ်လာအထိ စံချိန်တင်မြင့်တက်ခဲ့ပေမယ့် လက်ရှိမှာ အမေရိကန်ရဲ့ အကောက်ခွန်မူဝါဒအသစ်တွေကြောင့် ဈေးကွက်အပြောင်းအလဲများစွာကြုံတွေ့နေရတာဖြစ်ပါတယ်။ဈေးနှုန်းကျဆင်းမှုကြောင့် မကြာသေးမီကမှ ဝယ်ယူထားသူတွေအတွက် ဆုံးရှုးမှုတွေရှိခဲ့ပြီး ရင်းနှီးမြုပ်နှံသူအသစ်တွေအတွက်လည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် နေရကြောင်း လေ့လာသုံးသပ်သူတွေက ပြောပါတယ်။