အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲ ပိုအရှိန်တက်လာရင် ကနေဒါဟာ ကုန်စည်တွေအပေါ် တင်ပိုခွန်ကောက်တာနဲ့ အမေရိကန်ကို ရေနံတင်ပိုမှု ကန့်သတ်တာလိုမျိုး ဆောင်ရွက်ချက်တွေ ချမှတ်နိုင်တယ်လို ကနေဒါ စွမ်းအင်ဝန်ကြီး ဂျိုနသန် ဝယ်လ်ကင်စန်ကပြောကြားကြောင်း CNN သတင်းမှာဖော်ပြထားပါတယ်။

ဒါ့ကြောင့် ကနေဒါအရာရှိတွေနဲ့ ဆွေးနွေးဖို သဘောတူပြီးတဲ့နောက်မှာ တင်သွင်းလာတဲ့ သံမဏိနဲ့ အလူမီနီယံထုတ်ကုန် အားလုံးအပေါ် နာရီပိုင်းအတွင်း အခွန်နှစ်ဆတိုးသွားမယ်လို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၂ရက်နေ့မှာ ကတိပြုလိုက်အပြီး အဲဒီအစီအမံကို နာရီပိုင်းအတွင်း ပြန်လည်ဆိုင်းငံ့လိုက်ပါတယ်။ထရမ့်က အခွန်တိုးမြှင့်မှုကိုဆက်လက်ဆောင်ရွက်နေရင် ကနေဒါအနေနဲ့ အမေရိကန်သွင်းကုန် ဒေါ်လာ ၁၅၅ ဘီလီယံကို လက်တုံပြန် အခွန် စည်းကြပ်သွားမယ်လိုလည်း ခြိမ်းခြောက်ပြောဆိုထားပါတယ်။ကနေဒါဟာ အမေရိကန်ဆီ တင်သွင်းတဲ့ ရေနံကို ထိပ်တန်းထောက်ပံ့သူဖြစ်ပြီး အနောက်အလယ်ပိုင်းဒေသက ရေနံချက်စက်ရုံတွေကို အဓိကထားပြီး တစ်နေ့ကို စည်ပေါင်း ၄ သန်းလောက်အထိ ပံ့ပိုးပေးနေတာဖြစ်ပါတယ်။

အရေးပါတဲ့ ဓာတ်သတ္တုတွေအပေါ် အကောက်ခွန်မဲ့ အစီအမံတွေကို ချမှတ်ဖို ဖြစ်နိုင်ခြေကိုလည်း သူက မြှင့်တင်ခဲ့ပြီး ဒါဟာ အမေရိကန်က တရုတ်နိုင်ငံအပေါ် ပိုမိုမှီခိုအားထားအောင် တွန်းအားပေးသလို ဖြစ်နေတယ်လို လေ့လာဆန်းစစ်သူတွေကခန့်မှန်း သုံးသပ်ထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ သမ္မတတာဝန်စတင်ထမ်းဆောင်တာနဲ့တစ်ပြိုင်နက် အမှုဆောင်အမိန့်တွေဆက်တိုက်ထုတ်ပြန်နေပါတယ်။ ထုတ်ပြန်တဲ့အမိန့်တွေထဲမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မက္ကဆီကို နဲ့ကနေဒါနိုင်ငံအပေါ် ကုန်စည်တင်သွင်းမှုအခွန်တွေ အဆမတန်တိုးမြှင့်တာလည်းပါဝင်ပါတယ်။