လာမယ့် ဧပြီ လကစပြီး ယူရို ၂၆ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် တန်ပြန်အခွန်စည်းကြပ်တော့မှာဖြစ်ကြောင်း ဥရောပကော်မရှင်က မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို Brussels News မှာ ရေးသားထားပါတယ်။ကနေဒါ သံမဏိနဲ့ အလူမီနီယံအပေါ် အမေရိကန် တိုးမြှင့် အခွန်စည်းကြပ်မှုကို တုံပြန်တဲ့အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြှင့်လိုက်တာဖြစ်ကြောင်း ဥရောပကော်မရှင်က ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

အစောပိုင်း ကာလက ကနေဒါသံမဏိနဲ့ သတ္တုတင်သွင်းမှုအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမှုကို လက်ရှိမှာ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံလိုက်တာကြောင့် အမေရိကန်နဲ့ကနေဒါအကြား အငြင်းပွားမှုတွေ များစွာ တိုးမြှင့်လာနိုင်ချေရှိနေပါတယ်။တန်ပြန်အခွန်စည်းကြပ်မှုနဲ့ ဆက်စပ်ပြီး ဥရောပ သမဂ္ဂအမှုဆောင်အရာရှိက စေ့စပ်ညှိနှိင်းမှုတွေကို ပွင့်လင်းမြင်သာစွာ ဆက်လက်ထားရှိကာ မည်သူတစ်ဦးတစ်ယောက် အကျိုးစီးပွားအတွက် မျှမဟုတ်ဘဲ မြင့်မားတဲ့ အခွန်အခတွေကို ထည့်သွင်းစဉ်းစားတယ်လိုပြောကြားထားပါတယ်။

လက်ရှိအမေရိကန်ထုတ်ကုန်တွေအပေါ် စည်းကြပ်ခွန်ဆိုင်းငံ့ထားမှုကို ဧပြီ ၁၃ ရက်မှာ အပြည့်အဝပြန်လည်ကောက်ခံတော့မှာဖြစ်ကြောင်း ဥရောပကော်မရှင်က ကြေညာထားပါတယ်။ဒီကနေ့ကျွန်တော်တို လုပ်ဆောင်နေတဲ့ တန်ပြန်ဆောင်ရွက်မှုတွေဟာ အားကောင်းသလို အချိုးကျနေတယ်လို ဥရောပကော်မရှင်ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အမေရိကန်က ဒေါ်လာ ၂၈ ဘီလီယံတန်ဖိုးရှိတဲ့ စည်းကြပ်ခွန်တွေ ကျင့်သုံးနေတာကြောင့် ယူရို ၂၆ ဘီလီယံတန်ဖိုးရှိတဲ့ တန်ပြန်အရေးယူမှုတွေနဲ့ ပြန်လည် တုံပြန်လိုက်ခြင်းဟာ တရားမျှတမှုရှိကြောင်း ဥရောပကော်မရှင်အကြီးအကဲ က သတင်းထောက်တွေကို ပြောပါတယ်။