SpaceX ရဲ့ အီလွန်မာ့ခ်နဲ့ အိန္ဒိယနိုင်ငံက တယ်လီကွန်းသဌေးကြီး မူကတ်စ်အန်ဘာနီတို ပူးပေါင်းပြီး Starlink India အင်တာနက်သဘောတူညီချက် နှစ်ဦးသဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုတွေ အိန္ဒိယကို ယူဆောင်လာနိုင်ဖို အတွက် လပေါင်းများစွာကြာအောင် ဆွေးနွေးညှိနှိင်းမှုတွေပြုလုပ်ပြီးနောက်မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ဒီသဘောတူချက်ဟာ အိန္ဒိယနိုင်ငံအတွက်လွယ်ကူလျှင်မြန်တဲ့ မြန်နှုန်းမြင့်အင်တာနက် ကွန်ရက်တွေရရှိစေနိုင်မှာဖြစ်သလို အံ့အားသင့်စရာ အပြောင်းအလဲတစ်ခု ဖြစ်လာမယ်လိုလည်း ခန့်မှန်းမှုတွေရှိနေတာဖြစ်ပါတယ်။အိန္ဒိယမှာရှိတဲ့ အကြီးဆုံး တယ်လီကွန်းအော်ပရေတာကုမ္ပဏီတွေမှာရော လက်လီစတိုးဆိုင်တွေမှာပါ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုတွေကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးသွားမှာဖြစ်တယ်လိုသိရပါတယ်။အရှိန်အဟုန်ဖြင့် ကြီးထွားနေတဲ့ဂြိုလ်တုအင်တာနက်ဈေးကွက်တွေမှာ Starlink ဂြိုလ်တုအင်တာနက်ထုတ်ကုန်တွေကို စတင်ရောင်းချပြီး ဈေးကွက်ဝေစုအများအပြားရယူကာ ထိပ်တန်းအင်တာနက်ဝန်ဆောင်မှုဈေးကွက်တစ်ခုဖြစ်လာဖိုလည်း မျှော်မှန်းထားကြပါတယ်။