စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်တဲ့ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ဆောင်ရွက်သွားဖို နဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိင်က ပြောပါတယ်။မတ်လ ၁၂ ရက်က နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြိုနယ် နဲ့ တပ်ကုန်းမြိုနယ်တိုရှိ စိုက်ပျိုး မွေးမြူ ရေး လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေတွေကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာ ကြားခဲ့တာပါ။

စက်မှုလယ်ယာစနစ်ကျ လယ်မြေ ဖော်ထုတ်ခြင်းဟာ အရင်းအနှီးကြီးမားတဲ့ လုပ်ငန်းရပ် တစ်ခုဖြစ်ပေမယ့် အကျိူး အမြတ်များပြီး တစ်ဦးချင်းစီ နဲ့ နိုင်ငံတော်အတွက် အကျိုးရှိတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်လို ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိင်က ပြောပါတယ်။တောင်သူတွေကိုလည်း စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အသိပညာ ပေး ဆောင်ရွက်သွားဖို လိုပြီး စိုက်ပျိုးမြေတွေကို စနစ်တကျ ဖြစ်စေရေး၊ စက်မှုလယ်ယာ စနစ်ကျ လယ်မြေဖော်ထုတ် ခြင်း နဲ့ စက်ယန္တရားတွေ အသုံးပြုပြီး စနစ်တကျ မြေပြုပြင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်တာဟာ ရေရှည်အကျိုး အတွက် ဆောင်ရွက်တာ ဖြစ်တယ်လိုလည်း ဆိုပါတယ်။

ဒါ့အပြင် အခုဖော်ထုတ်ပြီးစီးတဲ့ စက်မှုလယ်ယာစနစ်ကျ လယ်မြေကို စံပြဖြစ်အောင် ဆောင်ရွက်သွားဖို လိုပြီး စိုက် ပျိုးမှု ထွက်ရှိမှုတိုကို စနစ်တကျ မှတ်တမ်းတင်ထားရှိဖို လိုကြောင်း နဲ့ မိမိတို နိုင်ငံဟာ ကျေးလက်နေ လူဦးရေ ပိုမို များပြားပြီး စိုက်ပျိုးမွေးမြူရေးကို အဓိက ဆောင်ရွက်ကြတာဖြစ်လို ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရေးကို ဆောင်ရွက်သွားရမှာ ဖြစ်တယ်လိုလည်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိင်က မှာကြားခဲ့ပါတယ်။