တန်ဖိုးသင့် အိမ်ရာတွေ အခန်းဝယ်ယူခွင့် ပြုကြောင်း အကြောင်းကြားစာ အတုတွေနဲ့ လိမ်လည်ရောင်းချနေတာတွေ ရှိနေတယ်လို မြိုပြ နှင့် အိမ်ရာ ဖွံဖြိုးရေး ဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။မြိုပြ နှင့် အိမ်ရာ ဖွံဖြိုးရေး ဦးစီးဌာနက အခန်းဝယ်ယူခွင့် ပြုကြောင်း အကြောင်းကြားစာကို အတုအပပြုလုပ်ပြီး အခန်းတွေ လိမ်လည်ရောင်းချနေတာ ရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ ရောင်းမှား ဝယ်မှား မဖြစ်စေဖို သတိပေး ကြေညာထားတာ ဖြစ်ပါတယ်။

သတိပေး ထုတ်ပြန်ချက်မှာတော့ ရန်ကုန်တိုင်းဒေသကြီး၊ လှိင်သာယာ(အရှေ့ပိုင်း) မြိုနယ်၊ ကျန်စစ်မင်းအိမ်ရာ အပိုင်း (၂) မှ (၄) ခန်းတွဲ (၄) ထပ် တိုက်အမှတ် (၁၂)၊ အခန်းအမှတ် (၃၀၂) ကို အခန်းတန်ဖိုးကျပ်သိန်း ၃၅၀ နဲ့ ဝယ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတု နဲ့ လိမ်လည်ရောင်းချထားတဲ့ စာနဲ့တကွ ထုတ်ပြန်ထားတာ တွေ့ရပါ တယ်။လက်ရှိမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြိုပြ နှင့် အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြိုနယ်ရှိ ရိုးမရိပ်သာ တန်ဖိုးနည်း အိမ်ရာက အခန်း ၈၇၄ ခန်းကို ဝင်ငွေနည်းပြီး နေရေးအခက်အခဲရှိတဲ့ ပြည်သူ အငြိမ်းစားဝန်ထမ်းတွေ နဲ့ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်း ငယ်တွေကို ရောင်းချပေးသွားမယ်လို ကြေညာခဲ့ရာ စုစုပေါင်း လျှောက်လွှာ သုံးသောင်းကျော်ခန့် ရောင်းချခဲ့ရပြီး သတ်မှတ်ကာလမှာ လျှောက်လွှာ ပြန်လည်တင်ပြသူ နှစ်သောင်း ရှစ်ထောင်ကျော် ရှိတယ်လို သိရပါတယ်။

အဲဒီ လျှောက်လွှာတွေကို အိမ်ရာရောင်းချရေးကော်မတီက စိစစ်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လျှောက်လွှာတွေ ကို မဲစနစ်နဲ့ ရွေးချယ်သွားမှာ ဖြစ်ပြီး မဲပေါက်သူတွေကို ဌာနကအ ကြောင်းကြားစာတွေ ပေးပိုသွားမယ်လိုလည်း မြိုပြ နှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။