မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်ခြားသတ်မှတ်တိုင်းတာပြီးစီးမှုအနေနဲ့ ကဘော်ချိုင့်ဝှမ်းဒေသဟာ မြန်မာပိုင်နက် ဖြစ်ကြောင်း နဲ့ အိန္ဒိယနိုင်ငံရေးသမားအချိုအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကို လေး စားသင့်တယ်လို နစက သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။တမူး-ကဘော်ချိုင့်ဝှမ်းဒေသနဲ့ ပတ်သက်ပြီးလည်း အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာ မဏိပူရ ပြည်နယ် ပါလီမန်လွှတ်တော်အမတ်တစ်ဦးက အရင်သမိုင်းကြောင်းအရ အိန္ဒိယဘက်က ပိုင်တယ်ဆိုတဲ့ သဘော မျိုး ပြောကြားခဲ့တာ တွေ့ရတယ်လို ဆိုပါတယ်။

အဲဒီအပြင် မီဇိုရမ်ပြည်နယ်ကတစ်ဆင့် မြန်မာနိုင်ငံထဲကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေ ကိစ္စနဲ့ ပတ်သက်လိုလည်း ပြီး ခဲ့တဲ့ မတ်လ ၁၀ ရက်က မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာဒူးဟိုမား က မီဇိုရမ်ပြည်နယ် လွှတ်တော်မှာ ပြောကြား ခဲ့တာ တွေ့ရပြီးတော့ အရင်နှစ် ဇွန်လကနေ ဒီဇင်ဘာလအတွင်း နယ်စပ်ဒေသဖြစ်တဲ့ အိုက်ဇော ကို နိုင်ငံ ခြားသား ၂၀၀၀ နီးပါး လာရောက်လည်ပတ်ပြီး ပြည်နယ်အတွင်း သွားနေတာ မတွေ့ဘဲနဲ့ အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ပြီးတော့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ဖို ဖြစ်တယ်ဆိုပြီး လွှတ်တော်မှာ တရားဝင် တင်ပြခဲ့တဲ့ သတင်းကိုလည်း The Times Of India သတင်း ဌာနကနေ ပြောကြားထား တာ တွေ့ရတယ်လိုလည်း ဆိုပါတယ်။မြန်မာနိုင်ငံအနေနဲ့ အရင်ကလည်း ပြောကြားခဲ့ပြီး ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံအစိုးရအနေနဲ့ အိန္ဒိယနယ်မြေကို အသုံးပြုပြီး မြန်မာကို ဆန့်ကျင်နေတဲ့ အုပ်စုတွေကို မလိုလားသလို မြန်မာ့နယ်မြေကို အသုံးပြုပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့ အုပ်စုတွေကိုလည်း မြန်မာနိုင်ငံအနေနဲ့ လက်ခံမထားဘူးလို ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြော ပါတယ်။

ကဘော်ချိုင့်ဝှမ်းဒေသဆိုတာလည်း အရင်တိုင်းတာအသိအမှတ်ပြုပြီးတဲ့ထဲမှာ ပါပြီးဖြစ်သလို ၂၀၁၄ ခုနှစ် မေလ ၈ ရက်က ချုပ်ဆိုထားတဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာလည်း ရှိပြီး ဖြစ်တယ်လို ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို ပြောပါတယ်။အဲဒါကြောင့် အိန္ဒိယနိုင်ငံမှာ ရှိတဲ့ အချို နိုင်ငံရေးသမားတွေအနေနဲ့ မိမိရဲ့ နိုင်ငံရေးလိုဘ တစ်ခုတည်းကို ကြည့်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ပျက်ပြားအောင် မလုပ်သင့်ဘဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာနယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို ဆိုပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း မြန်မာနိုင်ငံအနေနဲ့ အသိပေးသင့်တာတွေ ပြောဆိုသင့်တာတွေကို ဆက်လက်လုပ် ဆောင်သွားမှာ ဖြစ်တယ်လိုလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။