လက်ရှိ ပထဝီနိုင်ငံရေး အခြေအနေတွေအရ အထူးစီးပွားရေးဇုန်တွေကို အကောင်အထည်ဖော်ရာမှာ စီူပွားရေးရှုထောင့်တစ်ခုတည်းမကြည့်ဘဲ နိုင်ငံရေးအနေနဲ့လည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။မတ်လ၁၁ရက်က ပြုလုပ်တဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ရဲ့ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးမှာ ဗဟိုအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အခုလိုပြောကြားလိုက်တာပါ။

လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန်၊ အနာဂတ်မှာအကောင်အထည်ပေါ်လာမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ထားဝယ်အထူးစီးပွားရေးဇုန်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးနဲ့စီးပွားရေး ပေါင်းစပ်ဆောင်ရွက်ကြဖို့ မှာကြားပါတယ်။ဒါ့အပြင် အထူးစီးပွားရေးဇုန်တွေကို ရင်းနှီးမြှုပ်နှံမှုတွေ စည်းရုံးဖိတ်ခေါ်ရာမှာ နိုင်ငံတကာကို တင်ပို့နိုင်တဲ့ ပို့ကုန်ပစ္စည်းထုတ်လုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဦးစားပေးဖိတ်ခေါ်စေလိုတယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။