ဩစတြေးလျဒရိုင်ဗာ ပီယက်စ်ထရီဟာ မက္ကလာရင်အသင်းနဲ့ ကာလရှည်သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့ ပါတယ်။ အသက် ၂၃ နှစ်အရွယ် ပီယက်စ်ထရီဟာ ပြီးခဲ့တဲ့နှစ် ဖော်မြူလာဝမ်းရာသီမှာ ဂရင်းပရီပွဲစဉ် ၂ ခုအနိုင်ရ ခဲ့သလို ဒရိုင်ဗာ ချန်ပီယံဆုရပ်တည်မှုမှာ စတုတ္ထနေရာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ မက္ကလာရင်အသင်းနဲ့ ပီယက်စ်ထရီတို့ရဲ့ လက်ရှိစာချုပ်က ၂၀၂၆ မှာသက်တမ်းကုန်ဆုံးမှာဖြစ်ပြီး မက္ကလာရင်အသင်းအနေနဲ့ ပီယက်စ်ထရီကို ကာလရှည်ဆက်ထိန်းထားချင်တဲ့အတွက် အခုလိုမျိုး စာချုပ်သစ်ချုပ်ဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ နှစ်က ပီယက်စ်ထရီဟာ အသင်းဖော်ဗြိတိန်ဒရိုင်ဗာ လန်ဒိုနော်ရစ်နဲ့အတူ အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပြီး မက္ကလာရင်အသင်းအတွက် ၁၉၉၈ နောက်ပိုင်း ပထမဆုံး အသင်းလိုက်ချန်ပီယံဆုကို ရရှိစေခဲ့တာဖြစ်ပါတယ်။ပီယက်စ်ထရီက လူငယ်ဒရိုင်ဗာတွေထဲမှာ ထူးချွန်သူတစ်ဦးဖြစ်တာကြောင့် အခုလိုမျိုးစာချုပ်သစ်ချုပ်ဆိုနိုင်တာ အရမ်းကောင်းပါတယ်လို့ မက္ကလာရင်အသင်း စီအီးအို ဇက်ဘရောင်းက ပြောသွားခဲ့ပါတယ်။ပီယက်စ်ထရီ အတွက် အခုနှစ်ဖော်မြူလာဝမ်းပြိုင်ပွဲက တတိယအကြိမ်မြောက်ပါဝင်ယှဉ်ပြိုင်မှုဖြစ်လာမှာဖြစ်ပြီး မနှစ်ကထက် ပိုကောင်းတဲ့ရလဒ်မျိုးကိုရဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။