စပိန်တင်းနစ်သမား ကားလို့စ် အယ်ကာရက်ဇ်ဟာ အခုကျင်းပနေတဲ့ အင်ဒီးယန်းဝဲလ်တင်းနစ်ပြိုင်ပွဲမှာ အကောင်းဆုံး လက်စွမ်းကို ဆက်ထိန်းနိုင်ခဲ့ပြီး တတိယအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒုတိယအဆင့်ပွဲမှာ အယ်ကာရက်ဇ်ဟာ ကနေဒါတင်းနစ်သမား ရှာပိုဗာလော့ဗ်နဲ့ ဆုံတွေ့ခဲ့တာဖြစ်ပြီး အယ်ကာရက်ဇ်က လက်စွမ်းကောင်းနဲ့ ပွဲကိုဦးဆောင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမအဆင့်မှာ ပြင်သစ်နိုင်ငံသား ဟေးလ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရခဲ့တဲ့ အယ်ကာရက်ဇ်ဟာ အခုဒုတိယအဆင့်ပွဲမှာလည်း ရှာပိုဗာလော့ဗ်ကို (၆း၂၊၆း၄)ဆိုတဲ့ ရလဒ်နဲ့ ၂ ပွဲပြတ်အနိုင်ရပြီး တတိယအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ အယ်ကာရက်ဇ်နဲ့ ရှာပိုဗာလော့ဗ်တို့ရဲ့ ပွဲက ပွဲကစားချိန် ၁ နာရီခွဲနီးပါးသာကြာမြင့်ခဲ့တာဖြစ်ပါတယ်။

ဂရင်းစလမ်ချန်ပီယံဆုကို ၄ ကြိမ်ရရှိထားတဲ့ အယ်ကာရက်ဇ်ဟာ တတိယအဆင့်မှာ ဘူလ်ဂေးရီးယားတင်းနစ်သမား ဒီမီထရော့ဗ်နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ဒီမီထရော့ဗ်ကတော့ ဒုတိယအဆင့်မှာ ပြင်သစ်တင်းနစ်သမား မွန်ဖေးစ်ကို အနိုင်ရပြီး တတိယ အဆင့်ကို တက်လာခဲ့တာဖြစ်ပါတယ်။အယ်ကာရက်ဇ်အနေနဲ့ အခုပြိုင်ပွဲမှာသာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဖက်ဒရာနဲ့ ဂျိုကိုဗစ်တို့ ပြီးနောက် အေတီပီ မာစတာ 1000 ပြိုင်ပွဲ ၃ခုဆက်တိုက် ချန်ပီယံဆုရယူနိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။