မြန်မာ့ရုပ်ရှင်ရက်သတ္တပတ် မှာ ရုပ်ရှင်ထူးချွန်ဆုရကားတွေကို ရွေးချယ်ပြသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရပါတယ်။မြန်မာ့နိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ မြန်မာ ရုပ်ရှင် ရက်သတ္တပတ်ကို ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။မြန်မာ့ရုပ်ရှင်ရက်သတ္တပတ် မတ်လ(၉)ရက်ကနေ မတ်လ(၂၉)ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ဇာတ်ကားတွေ ပြသတာကို ရန်ကုန်မြို့မှာရှိတဲ့ မြဝတီမီဒီယာစင်တာ(Star Cinema)မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို မတ်လ(၉)ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ရုပ်ရှင်ထူးချွန်ဆုရကားများပြသရာမှာမတ်လ(၉)ရက်နေ့မှ(၁၁)ရက်နေ့ထိဘိုးတော်ကင်းဇာတ်ကား၊မတ်လ(၁၃)ရက်နေ့မှ(၁၅)ရက်နေ့အထိချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်ဇာတ်ကား၊မတ်လ(၁၆)ရက်မှမတ်(၁၈)ရက်အထိ မီးဇာတ်ကား၊ မတ်လ(၂၀)ရက်မှ(၂၂)ရက်အထိ နှောင်ဇာတ်ကား၊ မတ်လ(၂၃)ရက်နေ့မှ(၂၅)ရက်အထိ အိမ်မက်ကာရန် ဇာတ်ကားနဲ့မတ်လ(၂၇)ရက်မှ(၂၉)ရက်နေ့အထိ တိမ်ပန်းချီဇာတ်ကား တို့ကို နေ့စဉ် နေ့လယ် (၁)နာရီနဲ့ညနေ(၄)နာရီတို့မှာ ပြသပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ဝင်ကြေးတွေအနေနဲ့ငွေ ကျပ်(၅၀၀၀) နဲ့ ငွေကျပ်(၁၀၀၀၀)နှုန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။