စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ဖို့အတွက် မတ်လ ၁၁ ရက် ဆော်ဒီအာရေဗျမှာ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့နဲ့ အမေရိကန်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့ အမေရိကန်အရာရှိသူ နှစ်ယောက်က ပြောကြားထားတာကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လက အမေရိ ကန်သမ္မတ ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့အကြား ဆွေးနွေးမှုအပြီးမှာ ယူကရိန်းနိုင်ငံသားတွေနဲ့ ထရမ့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရေးကို အလေးအနက်ထားစီစဉ်နေတယ်လို့ အမေရိကန်ဘက်က အမည်မဖော်လိုသူ အရာရှိတစ်ယောက်က ပြောကြားထားပါတယ်။နှစ်ဖက် တွေ့ဆုံဆွေးနွေးရေး တွန်းအားဖြစ်စေဖို့အတွက် အမေရိကန်ဟာ ယူကရိန်းအပေါ် ပေးနေတဲ့ စစ်ရေး အကူအညီတွေနဲ့ ထောက်လှမ်းရေးအချက်အလက် မျှဝေတာတွေကို ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။

စစ်ပွဲ အဆုံးသတ် ရေး ကြိုးပမ်းရာမှာ ယူကရိန်းထက် ရုရှားနဲ့ အလုပ်လုပ်ရတာ ပိုလွယ်ကူတယ်လို့ ထရမ့်က မှတ်ချက်ပြုခဲ့ပါတယ်။လက်ရှိမှာတော့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် သမ္မတဇယ်လန်စကီးကလည်း ဆော်ဒီကိုသွားပြီး အိမ်ရှေ့ မင်းသား ဘင်ဆယ်လ်မန်နဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ဥရောပ သမဂ္ဂခေါင်းဆောင် တွေ ပူးပေါင်းပြီး ယူကရိန်းအတွက် ထောက်ပံ့ရေးတွေ ဆောင်ရွက်နေသလို အပစ်ခတ်ရပ်စဲရေးအတွက်လည်း ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။