ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ မတ်လ ၆ ရက်၊ နေ့လယ်(၁၂)နာရီ (၄၁) မိနစ်နာရီအချိန်လောက်က အသက် (၂၆)အရွယ်ရှိအမျိုးသမီးတစ်ယောက်ရဲ့ သားဦးလေးမြွှာပူးကိုယ်ဝန်ကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့တယ်လို ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။

အဲဒီလေးမြွှာပူးကိုယ်ဝန်ဆောင်ထားသူအမျိုးသမီးဟာ ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်မှာ ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှုခံယူခဲ့ပြီး ခွဲစိတ်မွေးဖွားပေးနိုင်ရေးအတွက် ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန် ဆေးရုံအုပ်ကြီးခေါင်းဆောင်တဲ့ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးတွေပါဝင်တဲ့ ဆေးကုသ ရေးအဖွဲကို ဖွဲစည်းပြီး ညှိနှိင်းတိုင်ပင်ကာ စနစ်တကျ ဆောင်ရွက်ခဲ့ကြတယ်လိုဆိုပါတယ်။အဲဒီလေးမြွှာပူးကိုယ်ဝန်ရဲ့ ခွဲစိတ်ကုသမှုကို ပါမောက္ခ/ဌာနမှူး(သားဖွားမီးယပ်) ပါမောက္ခ ဒေါက်တာခင်မေသင်း ဦးဆောင်တဲ့ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတွေအဖွဲ၊ တွဲဖက်ပါမောက္ခဒေါက်တာချိုချို ဦးဆောင်တဲ့ မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ၊ ပါမောက္ခ/ဌာနမှူး(မွေးကင်းစ)ပါမောက္ခဒေါက်တာ နမ့်စမ်းစမ်းအေး ဦးဆောင် တဲ့မွေးကင်းစကလေးအထူးကုဆရာဝန်ကြီးများအဖွဲ၊ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနဲ့ ဆေးရုံစီမံ ခန့်ခွဲမှုအဖွဲဝင်တွေ၊ သူနာပြုအဖွဲ၊ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ အထောက်အကူပြု ဝန်ထမ်းများအားလုံး ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လိုသိရပါတယ်။

အဲဒီလေးမြွှာပူးကိုယ်ဝန်မှ ကိုယ်အလေးချိန် 1. 21 kg၊ 1. 52 kg၊ 1. 28 Kg နဲ့ 0. 91 kg ရှိ မိန်းကလေး(၄)ယောက်တိုကို ခွဲစိတ်မွေးဖွားနိုင်ခဲ့ရာ မိခင်နဲ့ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိတယ်လိုဆိုပါတယ်။အဲဒီလေးမြွှာပူးကလေးတွေကို မွေးကင်းစကလေးအထူးကြပ်မတ်ကုသဌာနမှာ ဘာသာရပ် ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးတွေ၊ ကျွမ်းကျင်သူနာပြုတွေက လိုအပ်တဲ့ ပြုစုကုသမှုတွေကို အနီးကပ် ဆက်လက်ဆောင်ရွက်ပေးနေတယ်လိုလည်း သိရပါတယ်။
ဓာတ်ပုံ-ကျန်းမာရေးဝန်ကြီးဌာန