နောက်ခံလူ အကီရဲ့ ခြေဖဝါးရိုးကျိုး ဒဏ်ရာကိုခွဲစိတ်မှု အောင်မြင်ခဲ့ပြီ အကီအနေနဲ့ ၁၀ ပတ်လောက်နားရမှာဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အတည်ပြုသွားခဲ့ပါတယ်။အကီဟာ ဒဏ်ရာပြဿနာတွေကြောင့် အခုရာသီမှာ အသင်းအတွက် ၁၈ ပွဲသာကစားပေးထားနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့တစ်ပတ်က အက်ဖ်အေဖလားပွဲမှာ အကီ ပါဝင်ကစားခဲ့ပေမဲ့ ပထမပိုင်းမပြီးခင်မှာပဲ လူစားလဲခဲ့ရပါတယ်။ အကီရဲ့ ဒဏ်ရာအခြေအနေက အနည်းငယ်ပြင်းထန်တဲ့အတွက် ခွဲစိတ်ခဲ့ရတာဖြစ်ပြီး အသင်းဆေးအဖွဲ့ရဲ့ပြောကြားချက်အရ ၁၀ ပတ်ကနေ ၁၁ ပတ်လောက်အထိ အနားယူရဖို့ရှိတယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။ မန်စီးတီးအသင်းခံစစ်မှာ စတုန်းနဲ့ အကန်ဂျီတို့လည်းဒဏ်ရာကြောင့် အနားယူနေရပါတယ်။