မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)မှာ သွင်းကုန်လုပ်ငန်းရှင် တွေအတွက် ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးမယ်လို့ မတ်လ ၅ ရက်က ထုတ်ပြန်ပါတယ်။ အဲဒီနေ့မှာပဲ ထိုင်းဘတ် သန်း ၅၀ ကို ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၄ ရက်ကလည်း စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၂၃ သန်းနဲ့ ထိုင်းဘတ် သန်း ၁၅၀၊ မတ်လ ၅ ရက်က သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ထိုင်းဘတ် ၈ သန်းကျော် တို့ကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ရောင်းပေးခဲ့သေးတယ်လို့ သိရပါတယ်။